Chapter (5)

292 43 1
                                    

Unicode


အပိုင်း (၅)

ကျင်ရှို ထိုစကားတွေကို ပြောပြီးနောက် ခပ်တန်းတန်းလှည့်ထွက်သွားကာ ကျီရုံယန်ကို ချန်ခဲ့တော့သည်။

ကျီရုံယန်တံခါးကို ငေးကြည့်ရင်းနှင့် ဝမ်းနည်းစိတ်တွေ တဖြည်းဖြည်းလှိမ့်တက်လာလျက်။ စိတ်မပါလက်မပါနှင့် လက်ဆေးရင်း ကျင်ရှိုပြောသွားတဲ့စကားတွေကို စိတ်ထဲပြန်တွေးနေမိသည်။

အာရှိုက ဘာကို ပြောချင်တာလဲ။

တခြားလူများနဲ့ သောက်စားရင်း အရောတဝင်နေနေတာကို မကြိုက်ခြင်းလား။ ကျီရုံယန်ဟာ မှန်ကို ကြည့်၍ ပြုံးကြည့်ပါသော်လည်း မှန်ရောင်ပြန်မှာ ပေါ်နေသည့် ဟန်လုပ်ပြုံးနေသူဟာ ထူးထူးဆန်းဆန်းနှင့် ကြောက်စရာကောင်းလောက်အောင် မရင်းနှီးနေခဲ့။

အတော်ပင် အကျည်းတန်လှသည်။ ကိုယ့်ကိုယ်ကိုယ် သည်လိုပုံစံမျိုးနှင့် မြင်ရသည်ကို ကျီရုံယန် တကယ်ပင် ရွံရှာမိသည်။ နှုတ်ခမ်းပါးအား တင်းတင်းစေ့လို့ မှန်ပေါ်တွင် ကြက်ခြေခတ်ကြီးကြီးတစ်ခု ဆွဲလိုက်သည်။

အမှန်အတိုင်းပြောရရင်... အရင်ဘဝတုန်းက ကျင်ရှိုရဲ့တိတ်တဆိတ်ကာကွယ်ပေးမှုအောက်ကနေ ကင်းကွာသွားပြီးနောက်မှသာ သည်အနုပညာလောကဟာ ဘယ်လောက်တောင် အကျည်းတန်လှကြောင်း ကျီရုံယန် နားလည်စ ပြုလာခဲ့ခြင်းပင်။

သည်နယ်ပယ်ထဲတွင် ဒီလိုညစာစားပွဲမျိုး၌ အရက်လေး အနည်းငယ်လောက်သောက်ပြီး တခြားသူများနှင့် အလိုက်အထိုက်စကားပြောပေးရသည်ကိုက ကံကောင်းနေပြီဟု ယူဆ၍ရသည်။ သူ့ရဲ့အေးဂျင့် ဝေ့ယိကျင်းက စိတ်ကောင်းရှိပြီး ဂရုစိုက်ပေးတက်သော်လည်း သည်လိုအလိုက်အထိုက်ဆက်ဆံနေရသည့် အခါမျိုးတွင် သူ့အား အတိုင်းအတာတစ်ခုလောက်သာ ကူညီပေးနိုင်သည်။ သို့ပေသည့် ယခုပွဲတွင် ရှိနေသည့် လူငယ်အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်ကဲ့သို့ ညစာစားပွဲပြီးသည့်အခါတွင်လည်း သာမာန်ထက်ပိုသော နှီးနှောမှုမျိုး လုပ်ရခြင်းအား ဝေ့ယိကျင်းက သူ့ကို ဘယ်တော့မှ မလုပ်ခိုင်းချေ။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now