Chapter (21)

234 49 2
                                    


Unicode

အပိုင်း (၂၁)

ဒုတိယအပိုင်းက မနက်ဖြန်ရိုက်ကူးတော့မှာဖြစ်လို့ ဧည့်သည် mentors ဖြစ်တဲ့ ကုလင်းဖုန်းက ဒီညနေမှာပဲ လင်ကျိုးမြို့ကို ရောက်လာခဲ့တယ်။

ကုလင်းဖုန်းက လက်ရှိမှာ နိုင်ငံတစ်ဝှမ်းလုံးမှာ အတော်ဆုံးဒါရိုက်တာဖြစ်နေပြီးတော့ ပြည်ပမှာတောင် နာမည်ကောင်းပိုင်ဆိုင်ထားတဲ့သူ။ အကောင်းဆုံးဒါရိုက်တာအနေနဲ့ Golden Magpie ဆု နှစ်ခါတောင် ရခဲ့ပြီး သူ့ရိုက်ထားတဲ့ရုပ်ရှင်တွေကလည်း ရုပ်ရှင်ပွဲတော်ကြီးတွေမှာ ဆုကြီးတွေ ခဏခဏဆွတ်ခူးနိုင်ခဲ့တယ်။ ထုတ်လုပ်ရေးအဖွဲ့က ဒီလိုပုဂ္ဂိုလ်မျိုးကို ခေါ်နိုင်ဖို့ မနည်းအားထုတ်ထားတယ် ဆိုရလိမ့်မယ်။

ဒါကြောင့် ကုလင်းဖုန်းအတွက် ကြိုဆိုပွဲလုပ်ဖို့ရာ ချန်သဲ့ရှန်းက ကီလိုမီတာ ၃၀ လောက်သွားရတဲ့ ကြယ်ငါးပွင့် ကျင်ဖုန်းယဲ့ဟော်တယ်မှာ ညစာစားပွဲပြင်ဆင်ထားခဲ့တယ်​။

အရမ်းဝေးတာမို့ မိနစ်သုံးဆယ်လောက် ကားမောင်းသွားရမယ့်ခရီးဖြစ်နေခဲ့တာ။ ကျီရုံယန်က ကျောင်းသားတွေကို ဇာတ်ဝင်ခန်းတွေအကြောင်း အသေးစိတ်သုံးသပ်ထောက်ပြအပြီး အနားယူနေတဲ့အချိန် ညစာစားပွဲအကြောင်းကို သတင်းရခဲ့တယ်။ ဒါကြောင့် အလိုလိုဖြစ်လာတဲ့အခြေအနေကို အကျိုးရှိရှိအသုံးချဖို့ ဆုံးဖြတ်လိုက်တယ်။
"ယွဲ့ယွဲ့.. ငါ နင်ကို ဒီညအနားပေးရမလား"

လင်ယွဲ့ရဲ့မျက်ဝန်းမှာ ဘလင်းဘလင်းတွေဖြစ်သွားရတယ်။ သေချာပေါက် အနားယူချင်တာပေါ့။ ဒါပေမယ့်လည်း လင်ယွဲ့ မေးလိုက်တယ်။
"ဒါပေမယ့် ကျီကျဲက ဒီညတခြား mentors တွေနဲ့ ညစာသွားမစားဘူးလား.. ညီမအောက်မှာ စောင့်ပေးစရာမလိုတော့ဘူးလား"

ကျီရုံယန် လက်ခါပြလိုက်တယ်။
"မလိုတော့ဘူး.. အားလုံးလည်း အရမ်းရင်းနှီးနေကြပြီလေ.. ဘာမှဖြစ်မှာမဟုတ်ဘူး.. ပြီးတော့ ကျင်လောင်ရှီးလည်း ရှိနေမှာ"

ကျီရုံယန် အရင်တုန်းကလည်း ဒီလိုစကားမျိုး ပြောခဲ့ဖူးတယ်။ အဲအချိန်တုန်းကတော့ လင်ယွဲ့ သိပ်မယုံချင်ခဲ့ဘူး။ ဒါပေမယ့် ဒီအကြိမ် "ကျင်လောင်ရှီးလည်း ရှိနေမှာ" လို့ပြောလာတဲ့အချိန်မှာ လင်ယွဲ့ဟာတကယ်ပဲ စိတ်ချသွားမိတာပဲ။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now