Chapter (6)

286 54 1
                                    

Unicode

အပိုင်း (၆)

ကျီရုံယန် ဟော်တယ်အခန်းကို ပြန်ရောက်သည့်အချိန် အခန်းတစ်ခုလုံးမှာ လုံးဝတိတ်ဆိတ်နေလျက်။ အမှောင်ထုသာ ကြီးစိုးနေတော့သည်။

တံခါးကို ဖွဖွလေး ပိတ်လိုက်ပြီးမှ တံခါးကို မှီလိုက်ကာ အမှောင်ထဲကနေ ကျင်ရှိုရဲ့အခန်းတံခါးကို ငေးကြည့်နေမိသည်။ ခုနက သောက်ထားသည့်အရှိန်ကြောင့် ခန္ဓာကိုယ်ရော အစာအိမ်အထိပါ ပူလောင်လာကာ သူ့နှလုံးသားကတောင် ပြင်းပြင်းပြပြနှင့် လှုပ်ရှားလာခဲ့သည်။

အချိန်အကြာကြီး ခွဲခွာခဲ့ပြီးမှ ပြန်လည်ဆုံတွေ့ရတဲ့အခါ ကျီရုံယန်ထံ၌ ပြောပြချင်သည့် စကားပေါင်းထောင်ပေါင်းများစွာ ရှိနေခဲ့သည်။ သို့သော် သူတွင် အခွင့်အရေးတစ်ကြိမ်တောင်မရခဲ့ပေ။ ဒီနေ့ ကျင်ရှိုနှင့်စကားပြောဖြစ်သည့် စကားလုံးများကလည်း လက်နှစ်ချောင်းလုံးဖြင့် ရေတွတ်လို့တောင် ရသည်။

ကျီရုံယန် လက်ကိုင်အိတ်ကိုဖွင့်ပြီး အထဲက လေးထောင့်ဘူးလေးကို ထုတ်သည်။ ဘူးထဲတွင် အလွန်လက်ရာကောင်းလှသော လက်ကောက်ကလေးရှိကာ အတော်ပင်ချစ်ဖို့ကောင်းသော အဖြူအနက် ကျောက်စိမ်းပန်ဒါလေးကို လက်ကောက်ရဲ့ဗဟိုတွင် အလှဆင်ထားသည်။ လက်ကောက်လေးကို ကိုင်ကြည့်လိုက်သော် ပြတင်းပေါက်မှတစ်ဆင့် ဖြာကျလာသော လရောင်အောက်တွင် တလက်လက်တောက်ပနေသည်ကို မြင်လိုက်ရသည်။ ကျီရုံယန်၏မျက်ဝန်းထဲတွင်လည်း မြတ်နိုးမှုများ ကင်းအောင်းနေလျက်သား။

သည်လက်ကောက်လေးဟာ အရင်ဘဝတုန်း သူတို့ရဲ့သမီးရည်းစားသက်တမ်း ခြောက်နှစ်ပြည့်အထိန်းအမှတ်လေးအဖြစ် သူကိုယ်တိုင် ဒီဇိုင်းဆွဲထားခဲ့သော လက်ဆောင်လေးပင်။ သူ့တွင် ပြီးပြည့်စုံသည်အထိ လုပ်ရန်အချိန်မရှိနေသောကြောင့် အချိန်ကြာသွားခဲ့ရင်း နောက်ဆုံး၌ ကျင်ရှိုနှင့် ပြတ်သွားသောကြောင့် ပေးစရာ အကြောင်းအရင်းပါ ပျောက်ရှသွားခဲ့သည်။ သည်ဘဝတွင် သူ ပြန်မွေးဖွားလာပြီးနောက် ပုံကြမ်းကို ပြန်ဆွဲပြီး ဒီဇိုင်းကို အပြည့်အစုံထုတ်၏။ ထို့နောက် ကျင်ရှိုအမြဲလုပ်လေ့ရှိသော ကျောက်မျက်ရတနာ ဒီဇိုင်နာဆီဆက်သွယ်ကာ ပြင်သစ်ကိုသွားပြီး လက်ကောက်ကို သွားလုပ်သည်။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now