အပိုင်း(၂၈)

86 4 1
                                    

Unicode

ယာထဲကအပြန်ထွန်းသာတို့ယာနား‌
ရောက်တော့ဆရာသမားကကွပ်ပျစ်ပေါ်မှာမိန့်မိန့်ကြီးအခန့်သားထိုင်ကာရေနွေးကြမ်းသောက်ရင်းသူ့ကိုမြင်တော့လှမ်းခေါ်လေရဲ့။

"ကလေးတွေကိစ္စပြောကြရအောင်ထိုင်အုန်း"

ဦးထွန်းသာမှစကားမစသဖူးစပြောလာတာကြောင့်ဦးထိန်သာလဲသူခေါ်တဲ့ယာခင်းဘေးကကွပ်ပျစ်ပေါ်ကိုဝင်ထိုင်လိုက်သည်။

"ဘာကိုပြောမှာလဲကလေးတွေကသူ့ဟာသူနေတာကို"

"ထိန်သာမင်းဟာလဲပိန်းပါ့"

"အောင်မာမင်းသာစကားကိုရှင်းရှင်းပြော"

"သင်္ကြန်လဲပြီးပြီဆိုတော့
ကလေးတွေကိုအိမ်ထောင်ရက်သားချပေးဖို့"

"ထွန်းသာ....မင်းကတကယ်ကြီးမင်းသားကိုငါ့သားနဲ့မင်္ဂလာဆောင်ပေးချင်တာလား"

"ဪ.....ငါ့သားကမှပြောမနိုင်တာ
မင်းသားကလဲသိပ်မဆိုးပါဘူးပေးတော့မပေးစားချင်ဘူးပေါ့ကွာငါ့မှာကသားတစ်ယောက်ထဲရှိတာ"

"ငါလဲအတူတူပါဘဲ"

"အေး.....အဲ့တာကြောင့်"

"‌မပေးစားဘူးလို့မပြောနဲ့"

"မပြောပါဘူး
ငါသိချင်တာကမင်းကငါ့အိမ်ကိုလာရမှာလားငါကမင်းအိမ်ကိုလာရမှာလားငါတို့ကသားရှင်တွေလေ"

"အေးနော်....
သေချာတယ်ကွငါ့သားကအိမ်ဦးနတ်ဘဲ"

ဦးထိန်သာလက်သီးလက်မောင်းတန်း၍ပြောလိုက်ခြင်းပင်ဖြစ်သည်။

"အောင်မာ...ငါ့သားကလဲသန်သန်မာမာဘဲနော်"

"သေချာအောင်သူတို့ကိုမေးကြည့်ပါလား"

"ဖြစ်မလားကွ
လူကြီးဖြစ်ပြီးကလေးတွေကိုဒါမျိုးမေးရမှာမင်းမရှက်ပေမဲ့ငါရှက်တယ်"

"အဲ့တာဆိုဒီလိုလုပ်လေ
ငါကသူကြီးဆိုတော့မင်းအိမ်ငါလာခဲ့မယ်
ရတယ်လုပ်လိုက်"

"အေးအေး.....ငါ့မိန်းမကိုမေးကြည့်အုန်းမယ်"

"အောင်မလေး
မိကြည်ကရပါတယ်ကွာမင်းသဘောသာပြော"

You've reached the end of published parts.

⏰ Last updated: Apr 20 ⏰

Add this story to your Library to get notified about new parts!

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now