အပိုင်း(၁၃)

118 9 0
                                    

Unicode

"ဟလို......မာန်"

"အင်းပြောလေမ"

"မင်းဘယ်တော့ပြန်လာဖို့စိတ်ကူးလဲ"

"ဘာကိုပြောချင်တာလဲ"

"တို့မေးနေတာရှင်းရှင်းလေးပါမာန်
မင်းတို့ဆီဘယ်တော့ပြန်လာမလဲ
ဒါမှမဟုတ်အဲ့မှာဘဲနေပြီးခပ်နုံနုံကျေးတောသူနဲ့တစ်အိုးတစ်အိမ်များထူထောင်တော့မလားလို့"

"အင်း"

"ဘာ.....မင်း!!!"

"ဒါဘဲမလား....ကျုပ်မနဲ့ရန်ပြိုင်ဖြစ်ဖို့စိတ်မပါဘူး
ချလိုက်တော့မယ်"

အေးအေးတေးဆေးနေတက်တဲ့မကိုဘယ်သူကများသွေးထိုးလိုက်ပြန်ပြီလဲမသိ။မင်းမာန်စိတ်ရှုပ်တာလဲဒါတွေဘဲ....မင်းမာန်ကကြူဘဲကြူချင်တာချော့တာတော့ဝါသနာတကယ်မပါ......

ဒီနေ့ချမ်းရာ လယ်တောကိုလိုက်သွားမိတော့မိုးကခပ်ဖွဲဖွဲလေးရွာနေသည်မို့လယ်တောထဲကတဲထဲမှာမိုးခိုနေရသည်။အကုန်လုံးကမိုးရေထဲကောက်စိုက်နေကြပေမဲ့ချမ်းရာမှာမိုးပေါက်ထိတာနဲ့ဖျားတက်တော့အဖေကပါတဲထဲဝင်နေခိုင်းသည်မို့ဘာမှမပြောဘဲတဲထဲမှာဘဲပျင်းပျင်းရိရိထိုင်နေရသည်။

(ဝေးဝေးကသာစောင့်ပါမောင်ရယ်......အဖေအမေသိရင်ဖြတ်ပါလိမ့်မယ်....********************)

တစ်ခါတစ်ခါလယ်ထဲကကောက်စိုက်ရင်း
ကောက်စိုက်တေးညံညံလေးတွေကိုကြားရသည်မိုးသံနဲ့မို့အသေအချာတော့မကြားရ။

"အဖေ......မိုးတွေသည်းလာပြီအထဲလာနေပါ"

တဲထဲကလှမ်းအော်တော့အဖေကရတယ်ဆိုပြီးလက်ကာပြတာနဲ့ထပ်မပြောဖြစ်။ထပ်ပြောရင်လဲအဟောက်ခံရတော့မှာဖြစ်သည်။လှမ်းကြည့်နေရင်းရင်းနှီးနေတဲ့လူကိုမြင်မိသည်။

ငရှုပ်ကောင်
သူကဒီကိုဘာလာလုပ်တာလဲမိုးရွာကြီးထဲ

မင်းမာန်တို့လယ်နဲ့ချမ်းရာတို့လယ်ကတစ်ကွက်ကျော်သာဖြစ်လို့အစကတည်းကချမ်းရာရောက်နေတာကိုသိပါသည်။အခုမှမှာထားတဲ့ကောက်ညှင်းထုတ်တွေရောက်တာနဲ့ချမ်းရာတို့လယ်ဘက်ကူးလာပြီးယောက်ခမလောင်းကိုမျက်နှာလာလုပ်ခြင်းဖြစ်သည်။

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Où les histoires vivent. Découvrez maintenant