Unicode
"ဦးကြီးကိုလှသောင်ကဝမ်းပျက်နေလို့ထော်လာဂျီမမောင်းနိုင်ဘူးတဲ့"
"ဟေ....ဒါဖြင့်ဘယ်လိုလုပ်ကြမတုန်း
နေမစောင်းခင်အမှီသွားရမယ်လေ""ကျုပ်လဲမမောင်းတက်ဘူးဗျ"
ညိုမင်းမာန်ထန်းတော့ကအပြန်ယောက်ခထီးကြီးရဲ့စပါးစက်နားရောက်တော့ထော်လာဂျီမောင်းတဲ့ကိုလှသောင်နေမကောင်းလို့မမောင်းနိုင်ကြောင်းကြားပြီးသားရချင်လို့မျက်နှာလုပ်ချင်ဇောနဲ့ဘဲတစ်ခါသင်ဘူးတဲ့ထော်လာဂျီကိုမောင်းပို့ပေးမယ်လို့ဆုံးဖြတ်ကာဝိုင်းထဲဝင်လာခဲ့သည်။
"ဦးလေး....ကျုပ်မောင်းတက်တယ်ကျုပ်လိုက်ပို့မယ်"
ယောက်ခထီးကြီးကမင်းမာန်ကိုမြင်တော့မကြည်ကြည့်နဲ့မလိုကြောင်းပြောသေးတာ....
"မလိုပါဘူးငါ့ဘာသာရှာလိုက်မယ်"
"ဦးလေးကလဲအားနာမနေပါနဲ့လာလာတက်
ကျုပ်မောင်းတက်ပါတယ်"ယောက်ခမလောင်းကြီးကိုထော်လာဂျီပေါ်အတင်းဆွဲခေါ်ပြီးဖြစ်ချင်ရာဖြစ်တက်မောင်းခဲ့တာရွာပြင်ထိတော့ဘေးမသီရန်မခဘဲချောချောမွေ့မွေ့ရောက်လာခဲ့သည်။
"ဟေ့ကောင်မောင်းတက်တာသေချာရဲ့လားမင်းပုံစံကလဲကွာရပ်ရပ်မမောင်းတက်လဲ"
"ကျုပ်ကိုယုံစမ်းပါဦးလေးရာ"
"ဟ....ဟေ့ကောင်ယုံတာကနောက်ထားရှေ့မှာမြောင်းကြီးကွနောက်ဆုတ်....."
"ခင်ဗျာ.....ဟို....အဲ့တာက"
မင်းမာန်သင်တုန်းကနောက်ဆုတ်တာမသင်လိုက်ရရှေ့ကမြောင်းထဲထိုးကျသွားရင်ဖြင့်ကြည့်တော့လှပါပြီ။
"ဘာတွေပြောနေတာလဲရှေ့မှာမြောင်းဟမြောင်းနောက်ဆုတ်"
"ကျွန်....ကျွန်တော်ကထော်လာဂျီကိုရှေ့တိုးအောင်ဘဲမောင်းတက်တာနောက်မဆုတ်တက်ဘူးဦးလေးရ"
"ဘာကွ...."
ဦးလေးအသံနဲ့အတူမင်းမာန်တို့ထော်လာဂျီမြောင်းထဲကိုကျတာတော်သေးတာပေါ့အတည့်ကျလို့လူတွေဗွက်ပေရုံကလွဲကြီးကြီးမားမားမထိခိုက်ခဲ့။
YOU ARE READING
𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)
Romanceညိုမင်းမာန်+ချမ်းအေးသာ ပေါ့ပေါ့ပါးပါး လေးပါဘဲ စိတ်ကူးပေါက်ရာလျှောက်ရေးထားတော့လိုအပ်ချက်တွေလဲရှိနေပါသေးတယ် တဖြည်းဖြည်းချင်းပြင်ယူကြတာပေါ့