အပိုင်း(၂၅)

176 7 1
                                    

Unicode



"ချမ်းအေးသာ"

"ဗျာ...."

"လာအုန်းဒီကို"

"ဟုတ်"

အဖေ့အသံကပုံမှန်ထက်ပိုပြီးအေးစက်နေသယောင်ရှိလို့ချမ်းရာတုန်တုန်ရီရီပါဖြစ်မိပါသည်။

"မနက်ဖြန်ကျောင်းကိုသွားစရာမလိုတော့ဘူး"

"ဗျာ....ဘာလို့"

"ငါ‌ဘုန်းဘုန်းကိုပြောခဲ့ပြီမင်းသွားစရာမလိုတော့ဘူးဒီနေ့ကစလို့အိမ်ထဲကအိမ်ပြင်မထွက်နဲ့"

"ဘာလို့လဲ....အဆင်မပြေတာ"

"တိတ်စမ်း.....ရွာထဲမှာဘာတွေပြောနေကြတယ်ထင်လဲ"

"သားမသိဘူး"

"ဟမ်....မသိဘူးဟုတ်လားမင်းကဘာကောင်လဲအခြောက်လား.....ရှက်ဖို့ကောင်းလိုက်တာကွာယောက်ျားချင်းမင်းမို့လို့.....ငါကွာ
ချမ်းအေးသာငါမင်းကိုလက်မပါချင်ဘူးနော်"

အဖေကကျွန်တော့်လည်ပင်းကအင်္ကျီစကိုဆွဲရင်းပြောလာတော့အမေကပါဝင်ပါလာသည်။အဖေ့စကားကြောင့်မျက်ရည်တွေကဘယ်ကမှန်းမသိစီးကျလာမိသည်။အဖေသိသွားရင်စိတ်ဆိုးလောက်မယ်ဘဲထင်ခဲ့မိတာဒီလောက်ရင့်ရင့်သီးသီးပြောလာမယ်မထင်ခဲ့။

"ကိုထွန်းသာကလေးကိုစကားနဲ့ဘဲပြော"

"မင်းဝင်မပါနဲ့"

"အို....ကျွန်မမွေးထားတဲ့သားကိုစကားနဲ့ရောစိတ်ပိုင်းဆိုင်ရာကိုပါရိုက်နှက်နေတာလေဝင်မပါလို့ရမလားဒါရှင့်သားမဟုတ်ဘူးလားရှင့်သားကဘာဖြစ်နေဖြစ်နေရှင်ကစပြီးအပြစ်တင်ဝေဖန်နေရင်ပတ်ဝန်းကျင်ဆိုဘယ်လောက်တောင်မကောင်းပြောလိုက်လိမ့်မလဲ....ရှင်ဦးနှောက်မရှိဘူးလား"

"ဘာ.....မင်း"

"သား.....သူမျက်နှာရချင်လို့သားကိုလုပ်ခိုင်းတဲ့အလုပ်ကိုမနက်ဖြန်ကစပြီးမသွားနဲ့ကောင်းတယ်အိမ်ထဲကအိမ်ပြင်ကတော့သားစိတ်သားသဘောအမေခွင့်ပြုတယ်သိလား"

အမေနှစ်သိမ့်ပေးနေလဲချမ်းရာနေရာကနေမလှုပ်နိုင်ပါ။ချမ်းရာကအဖေ့အတွက်အရှက်ရစေတဲ့သားမျိုးလား....

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now