အပိုင်း(၂၀)

138 10 5
                                    

Unicode


အချစ်ဆိုတဲ့အရာကိုခံစားတက်ခဲ့တာဆယ်‌
ကျော်သက်အရွယ်က...

ဘယ်သူကထင်ထားမှာလဲငယ်ငယ်ကထိန်းခဲ့တဲ့ကလေးလေးအပေါ်ခံစားချက်တွေပိုနေမိမယ်ဆိုတာလူကသာရွာကိုမရောက်ဖြစ်ခဲ့တဲ့နှစ်တွေများပေမဲ့စိတ်နဲ့အကြိမ်ကြိမ်ရောက်ခဲ့လွမ်းခဲ့ရတာတွေ
သူ့သတင်းတွေကိုအဆက်မပြတ်စုံစမ်းမိနေတာမျိုးတွေ၊ဆယ်တန်းအောင်လို့ရန်ကုန်ကိုကျောင်းလာတက်မယ်ဆိုတုန်းကတစ်ယောက်ထဲအရူးတစ်ယောက်လိုပျော်နေခဲ့တာတွေ၊ငယ်ငယ်ကချစ်စရာကောင်းသလောက်ကြီးလာမှရှုပ်တက်တဲ့လူဆိုးလေးကိုစိတ်ဆိုးလို့လဲမရခဲ့ပါ၊သူငယ်ချင်းတွေရဲ့မြှောက်ပေးမှုကြောင့်သူ့နောက်ကျောလေးကိုဖုန်းဖြင့်ခိုးရိုက်ကာသဘောကျနေမိကြောင်း post တင်ကာဝန်ခံခဲ့ဖူးသည်။သူ့အတွက်ရည်ရွယ်ကာတင်သမျှတိုင်းကိုသူမသိခဲ့လေရောလား၊ရုတ်တရက်ကြီးအိမ်ကိုရောက်လာတုန်းကလဲလူကခြေမကိုင်မိလက်မကိုင်မိနဲ့ပြောချင်ရာတွေပြောမိခဲ့သေးတာ၊ကိုယ့်ကိုယ်သဘောကျပါတယ်လို့ဖွင့်ပြောလာတုန်းကဆိုရင်ရင်ဘတ်ထဲကကောင်ကပေါက်ထွက်မတက်ရွှင်မြူးစွာစည်းချက်ညီညီကခုန်နေတဲ့အသံကိုသူမကြားသည်လား။

မုန်းမိပါသည်
ခံစားချက်ကိုကစားသွားတဲ့ငရှုပ်ကောင်ကိုတော့မုန်းမိပေမဲ့ငယ်ငယ်ကတည်းက‌သဘောကျမိတဲ့ကလေးလေးကိုတွေမုန်း၍မရ.....

"ဒေါ်လေး....ခင်ဗျ"

"ဒေါ်လေးရေ....ချမ်း....ချမ်းရေ
ဘယ်သူမှမရှိကြဘူးလား"

အိမ်ရှေ့ကခေါ်သံကြောင်းတွေးလက်စ‌တွေကိုဖျောက်ပြီးအခန်းထဲကထွက်ကာဘယ်သူလာတာလဲကြည့်မိတော့....

"ဟင်......မြတ်စေသော်"

"ချမ်း....ကိုကိုရော"

သူ့ကိုပြီးကြောင်ကာရပ်နေမိတဲ့ချမ်းရာကိုမြတ်စေကပုခုံးကနေကိုင်လှုပ်ရင်းအကို့ကိုမေးသည်။

"ဟေ့ကောင်ချမ်းစုတ်ကိုကိုရောလို့"

"မသိဘူး"

"ဟာ.....မင်းကလဲငါ့ကိုစိတ်ဆိုးနေတာလား"

"မဟုတ်ဘူး"

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now