အပိုင်း(၂)

326 20 0
                                    

Unicode

"ချမ်းရာရယ်ငြိမ်ငြိမ်နေစမ်းဟယ်နင့်ကြည့်ရင်ငါမူးလာပြီ"

သူငယ်ချင်းတွေနဲ့ချိန်းထားတာကြောင့်ချမ်းရာတစ်ယောက်ဂနာမငြိမ်ဖြစ်နေသည်။မတွေ့ရတာကြာတော့စိတ်လှုပ်ရှားနေတာလဲပါမည်ထင်ပါရဲ့။အိမ်မှာဘဲမုန့်ကျွေးဖို့ခေါ်ထားတာမို့အကုန်ပြင်ဆင်ပြီးစောင့်နေရင်းရှေ့လျှောက်လိုက်နောက်လျှောက်လိုက်လုပ်နေရင်းအမေကထအော်တော့တာဘဲ။

"မူးရင်မကြည့်နဲ့ပေါ့အမေရယ်"

"ဒီအကောင်ကတော့လေနင့်အဖေပြန်ဘာမှတိုင်ရမယ်"

ဖေဖေကရွာပြန်သွားတာမို့ချမ်းရာလွတ်လပ်နေတာပင်ဖြစ်သည်။ဖေဖေကကြောက်စရာမကောင်းပေမဲ့ချမ်းရာဖေဖေ့ကိုတော့ရှိန်ပါသည်။တစ်ဖက်ပိတ်ကြီးဖြစ်ပြီးသူလုပ်ချင်တာရှိရင်ဘယ်သူပြောပြောတိုးမပေါက်တော့။

"ချမ်းရာရေ....ချမ်းရာ"

"ဟော......လာပြီထင်တယ်"

ပြောရင်းဆိုရင်းအပြင်ပြေးထွက်သွားတဲ့သားကိုကြည့်ရင်းမကြည်ကြည့် ကြည့်လိုက်သည်။သူမသားကသိပ်ကိုအပေါင်းအသင်းမှတ်တာ။

"ဟင်.....မိဆုနင်တစ်ယောက်ထဲလား"

"အေးဟယ်ငါလဲအလုပ်ပိတ်လို့သာလာလို့ရတာကျန်တဲ့သူတွေကအလုပ်ကခွင့်မရကြဘူး"

"အေးပါလာထိုင်အုန်းငါတို့မတွေ့တာတောင်အတော်ကြာပြီနော်"

"ဟုတ်ပါ့ဟယ်......ငါတို့ကလဲကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့တွေ့တောင်မတွေ့ဖြစ်ကြတော့ဘူး"

"နင်ညနေမှပြန်နော်ထမင်းစားပြီးမှအေးဆေးပြန်"

"ဟီးဟီး.....
ငါလဲအဲ့လိုဘဲတွေးထားတာ"

မိဆုနဲ့ကသူငယ်တန်းကတည်းကသူငယ်ချင်းတွေဖြစ်တာကတစ်ကြောင်းမိဘချင်းလဲရင်းနှီးကြတာကတစ်ကြောင်းနဲ့မောင်နှမတွေလိုပင်ခင်မင်ရင်းနှီးကြသည်။မိဆုတို့ကမြို့သစ်ဘက်ကိုပြောင်းသွားမှသာသိပ်ကြီးမတွေ့ဖြစ်တော့ပေ။အရင်က‌ဆိုခြံချင်းကပ်ရပ်ကိုမှတံခါးမရှိဓားမရှိဝင်ထွက်သွားလာနိုင်ကြသည်။

"ချမ်းရာ......"

မတွေ့ရတာကြာပြီဖြစ်လို့စကားပြောနေရာမှအိမ်ရှေ့ကကြားလိုက်ရတဲ့အသံကတကယ့်ကိုအနှောက်အယှက်ဖြစ်စရာပင်ဒီကောင်မှာချမ်းရာဆီကလွဲ၍သွားစရာမရှိတော့ဘူးလားမသိ။

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now