အပိုင်း(၂၁)

122 8 2
                                    

Unicode


ဆောင်းရာသီရဲ့အအေးဓာတ်က
ရင်ထဲမှာလောင်နေတဲ့အပူကိုတောင်ငြိမ်းအောင်လုပ်ပေးနိုင်စွမ်းမရှိတော့ဘူး။မင်းမာန်တစ်ပါတ်လုံးအိမ်တွင်းအောင်းနေခဲ့တာဒါပထမဆုံးအပြင်ထွက်တဲ့နေ့ခြေလှမ်းတွေကချစ်ရသူရှိရာကိုလဲဦး‌တည်နေမိသည်။အရှက်မရှိဘူးဘဲပြောပြောမျက်နှာပြောင်တယ်ဘဲပြောပြောပြန်ချစ်ပေးဖို့တောင်းဆိုနေရအုန်းမှာပါဘဲ။

"အရီး....."

တိတ်ဆိတ်နေတဲ့အိမ်ပေါ်ကိုအသံခပ်အုပ်အုပ်နဲ့ဘဲအရီး‌ကိုခေါ်ရင်းတက်သွားလိုက်သည်။မင်းမာန်အိမ်ထဲကိုရောက်တော့‌အသားဖြူဖြူအရပ်ရှည်ရှည်နဲ့ယောက်ျားတစ်ယောက်ကဧည့်ခန်းမှာအမြိန့်သားထိုင်ရင်းချမ်းရာပုခုံးပေါ်လက်တင်ကာစကားပြောနေသည်။

"မင်း......"

အိမ်ပေါ်ရောက်‌နေတဲ့မင်းမာန်ကိုမြင်တော့ဖြူလွလွကိုယ်လေးကထိုလူ့လက်တွေအောက်မှရုန်းထွက်ရင်းသူ့အခန်းရှိရာကိုပြန်ပြေးမယ်လုပ်နေသည်။

"ချမ်းဘယ်သွားမလို့လဲ"

ထိုလူကပြောပြောဆိုဆိုနဲ့ချမ်းရာရဲ့လက်ကောက်ဝတ်ကနေဆွဲကာပြန်ထိုင်စေလိုက်သည်။

"မြတ်စေခဏလွှတ်
တံခါးဝမှာရပ်နေတဲ့လူကိုမင်းကဘဲအိမ်ရှင်တွေမရှိလို့ပြန်လိုက်ပါအုန်းလို့ပြောပေး"

"ချမ်းရာ......"

"ချမ်း.....အသဲလေး
အဲ့တာမင်းကိုခေါ်နေတာအသိတွေလား"

ထိုလူကသူ့လူကြီးပေါက်စလေးကိုအသဲလေးတဲ့မင်းမာန်မျက်လုံးထဲဘာမှမမြင်တော့မျက်စိရှေ့ကလူကိုပြေးထိုးမယ်အလုပ်ရှေ့ကနေကာပေးလာတဲ့အရိပ်လေးကြောင့်မင်းမာန်လက်သီးကလေထဲမှာတင်ရပ်တန့်သွားရသည်။

"မင်း.....ဒါဘာလုပ်တာလဲ"

"မြင်တဲ့အတိုင်းဘဲထိုးမလို့"

ချမ်းရာအမေးကိုဘောက်ဆတ်ဆတ်ပြန်ဖြေလာသူ။

"အသဲသူကဘယ်သူ"

"ဒီကောင်.....မင်းစောက်ပါးစပ်ကဘယ်လိုတွေ
ခေါ်နေတာလဲ"

ကြားကချမ်းရာကာထားတာတောင်မြတ်စေကိုလှမ်းလုပ်နေသူကိုမနည်းထိန်းထားရသည်။

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now