အပိုင်း(၁၄)

112 8 0
                                    

Unicode



"ချန်းရာ.....ဒီရက်ပိုင်းအပြင်သိပ်မထွက်ပါလား
အကိုတောင်မင်းမထွက်တော့ပျင်းနေပြီ"

အခန်းအပြင်ထွက်တာနဲ့အကိုကဆီးကြိုမေးလာသည်။

"ကျွန်တော်လဲစာပြန်ကြည့်နေတာလေအဲ့တာအတန်းချိန်ပြည့်နေတာနဲ့အပြင်မသွားဖြစ်တာပါအကို"

တကယ်လဲအတန်းချိန်ကပြည့်နေတာနဲ့အခန်းထဲမှာဘဲနေပြီးစာထိုင်လုပ်နေရတာနဲ့တစ်ချို့အချိန်တွေအပြင်ခဏထွက်တာကလွဲအခန်းထဲမှာဘဲရှိတာ။

"ဘာစာတွေလုပ်နေပြန်ပြီလာနားပါအုန်း"

"grammar ပိုင်းတွေသိပ်အားမရသေးတာနဲ့ပြန်
ကြည့်နေတာ"

"အောင်ပြီးပြီဘဲမင်းမို့မပျင်းမရိကွာ"

"ကျွန်တော်ကပျင်းနေလို့ပါ"

"‌အင်းပါ.....လုပ်ရင်လဲအစအဆုံးသေချာဂရုစိုက်လုပ်"

"ဟုတ်"

"အခုတော့ရွာထိပ်ကမုန့်လင်မယားဆိုင်လိုက်ပို့ကွာစားချင်လို့"

မုန့်လင်မယားဆိုင်လို့ပြောလိုက်တော့ညီဖြစ်သူမျက်လုံးက ချိုချဉ်ရတဲ့ကလေးတစ်ယောက်လိုရွှင်ပြလာသည်။

"ဝယ်ကျွေးမှာလား"

"ကျသလောက်ရှင်းပေးမယ်"

ရင်ဘတ်မှာရှိတဲ့အိတ်ကပ်ကိုပြကာမျက်စိတစ်ဖက်မှိတ်ပြရင်းဖြေလိုက်တော့ကလေးစိတ်နဲ့လူကြီးပေါက်စကအိမ်ထဲကအတင်းဆွဲခေါ်ကာမုန့်လင်မယားဆိုင်ကိုဆွဲခေါ်သွားသည်။

"ဒေါ်လေး....ကျွန်တော့်ကိုမုန့်လင်မယား
၂၅၀၀ဖိုး"

"ချမ်းရာရယ်ကုန်လို့လား"

"ကုန်ပါတယ်ဆိုအကိုရာ"

"အေးပါသဘောသဘော"

မုန့်လင်မယားဝယ်ပြီးတာနဲ့အိမ်ပြန်ဖို့လုပ်ပေမဲ့လမ်းမှာရေခဲချောင်းသည်မြင်တာနဲ့ရေခဲချောင်းဆီရောက်သွားပြန်သည်။

"ဦးလေးရေခဲချောင်းလေးချောင်း"

လေးချောင်းဝယ်လို့များနေတယ်ဆိုပြီးလက်ကုတ်သတိပေးမိတော့လည်းနားမထောင်။ဒါပေမဲ့ရေခဲချောင်းသည်ပေးတဲ့ရေခဲချောင်းတွေကြည့်ရတာတစ်ကိုက်စာလေးတွေ....

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now