အပိုင်း(၁၈)

93 11 2
                                    

Unicode


"ချမ်းရာခုနကအဲ့အရွက်တွေကဆေးပြီးပြီလေ"

"အာ....ဟုတ်သား"

"စိတ်တွေလေနေတာဘဲ"

အကိုကချမ်းရာကြားနိုင်လောက်အောင်ပြောသည်။အကို့ကိုတော့ဘာမှပြန်မဖြေမိပါ။တစ်ကယ်လဲချမ်းရာစိတ်တွေကတောင်ရောက်မြောက်ရောက်နဲ့ပါ။သီတင်းကျွတ်ပြီးကတည်းကပျောက်နေတဲ့လူကြောင့်ချမ်းရာစိတ်တွေလည်းအယောင်ယောင်အမှားမှား။ရွာထဲကကြားတာတော့မြို့ကကောင်မလေးလိုက်လာလို့မအားနိုင်ဖြစ်နေတာတဲ့လေပွဲဈေးထဲချမ်းရာနဲ့ဆုံခဲ့တဲ့မိန်းကလေးကသူ့ရည်းစားပါတဲ့။

"ချမ်းရာဘာရပ်လုပ်နေတာလဲကျောင်းသွားရအုန်းမှာကို"

အကို့သတိပေးသံကြောင့်အတွေးတွေကိုဖျောက်ပြီးကျောင်းသွားဖို့ပြင်ဆင်ရသည်။

"ဆရာ....."

".........."

"‌ဆရာ....."

".........."

"ဆရာ....!"

"အမ်....ဟုတ်ကဲ့
ဘာလို့လဲဗျ"

ဆရာ‌မလေးဘေးကနေခေါ်နေတာတောင်မကြားနိုင်အောင်အတွေးနယ်ချဲ့နေမိသည်။

"ဟိုအတန်းချိန်ပြည့်တာနာရီဝက်ကျော်ပြီဆရာ"

"ဗျာ.....တောင်းပန်ပါတယ်ဗျ
ကျွန်တော်နာရီမကြည့်တာပါ"

"ရပါတယ်
ဖြစ်တက်ပါတယ်ဆရာအဲ့တာဆိုသွားနားတော့လေ"

"ဟုတ်ကဲ့
ခွင့်ပြုပါအုန်း"

အတန်းကထွက်ပြီးနားနေဆောင်ဘက်ကိုတန်းလာခဲ့သည်။

"ဆရာ"

အခန်းရောက်တော့ဆရာမသက်မာကချမ်းရာကိုနှုတ်ဆက်တာနဲ့ပြုံးပြ‌ရင်းနေရာမှာဝင်ထိုင်လိုက်သည်။ဆရာမရဲ့ဘေးမှာရှိနေတဲ့သူမကိုလဲသတိထားမိသည်။သိုပေမဲ့အရေးတယူလိုက်ကြည့်မနေဖြစ်။

"အကို...."

စာကြည့်စားပွဲမှာခေါင်းစိုက်နေတဲ့ချမ်းရာကိုစခေါ်သူကပြန်ကြည့်မိတော့ချမ်းရာကိုငုံ့‌ကြည့်နေသည်မို့သူမနဲ့အရမ်းနီးကပ်လွန်းနေတာကြောင့်မျက်နှာကိုအရင်တစ်ဖက်လှည့်လိုက်ရသည်။

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now