အပိုင်း(၈)

142 11 0
                                    

Unicode


"ဟေ့ကောင်အခြေအနေဘယ်လိုလဲ"

မင်းမာန်တို့ထန်းတောထဲရောက်နေတာဖြစ်သည်။

"မင်းကြီးတော်ဒေါ်ဘုတ်ဆုတ်ကြီးလိုဘဲ"

"ဘယ်လို.....ဟေ့ကောင်ရှင်းရှင်းပြောစမ်း"

"မင်းဂျီးတော်ကြီးကအရင်ကလဲလေကျယ်တယ်အခုလဲလေကျယ်တယ်မပြောင်းလဲဘူးမလားအဲ့လိုဘဲငါနဲ့ချမ်းရာကလဲမနေ့ကလိုဘဲမပြောင်းလဲသေးဘူး"

"မင်းကလဲဝင်္ကဝုတ္တိအလင်္ကာတွေသုံးနေတယ်တစ်ခါတည်းပြောလိုက်ပြီးနေတာကို"

"ငါမေးမလို့မင်းမာန်မင်းဟာကအတည်ကြီးလား"

ရန်မျိုးမေးမိတော့သကောင့်သားကပြုံးသာပြုံး၍ဘာမှမပြောပေ။

"ဟေ့ကောင်ဖြေလေ"

စိတ်မ‌ရှည်ကြ‌တော့ကာသိုးပေါက်ကပါမေးလာတော့မှ

"မင်းတို့ကဘယ်လိုထင်လဲ"

"မင်းလိုကောင်ကဘယ်တုန်းကအတည်ကြံဖူးလို့ငါတို့အထင်လာမေးနေတာလဲ"

"နားညီးတယ်ကွာထင်ချင်သလိုထင်ကြ"

"ပေါ့ပျက်ပျက်မလုပ်နဲ့ဟေ့ကောင်ဘာလဲမင်းပြောတဲ့အချစ်ဦးဆိုဘာဘယ်သူလဲသူ့ကိုမေ့လို့မရသေးဘူးဆို"

ရန်မျိုးအပြောကိုမင်းမာန်ပြံး၍သာနားထောင်နေမိသည်။အချစ်ဦးတဲ့အသံလေးကြားလိုက်ရုံနဲ့ဟန်ဆောင်လို့မရအောင်ကိုသူ့ပုံရိပ်လေးတွေးမြင်မိတိုင်းကြည်နူးရတာမျိုး.....

ဟုတ်ပါတယ်မင်းမာန်မှာသိပ်ကိုချစ်ရတဲ့အချစ်ဦးရှိဖူးတာပေါ့အချစ်ဦးမြေးဦးရတဲ့အထိမမေ့နိုင်ဘူးဆိုလို့အခုမြေးဦး‌မပြောနဲ့အိမ်ထောင်တောင်မကျသေးပါဘူးဆိုတော့ပိုလို့တောင်မေ့လို့မရနိုင်ဘူးပေါ့......

"ဟေ့ကောင်ဘာ‌တွေတွေးရင်းပြုံးနေတာလဲ"

"ဘာမှ‌မဟုတ်ဘူးသောက်စရာရှိတာသောက်စမ်းပါ"

မှိုင်းပြနေတဲ့ကောင်းကင်ရဲ့အခြေအနေကြောင့်ချမ်းရာဒီနေ့လဲချမ်းရာအဖေနဲ့အတူလယ်ထဲလိုက်မယ်ပြောထားတာကိုဖျတ်ပစ်ခဲ့သည်။မိုးကိုချစ်ပါသည်ဗွတ်တွေကိုတော့သဘောမကျသည့်သားရဲ့အကျင့်ကိုသိနေလို့ဘဲလားအဖေကလဲလိုက်ခဲ့ဖို့မခေါ်ပါ။တစ်နေကုန်အိမ်မှာဘဲအိပ်လိုက်စားလိုက်နေလာတာချမ်းရာရွာပြန်ရောက်တာမကြာသေးဘူးဝိတ်တောင်တက်လာခဲ့ပြီ။အရင်ဖောင်းနေသည့်ပါးမို့မို့နှစ်ဖက်မှာလဲပိုလို့ပင်ဖောင်းလာသယောင်ချမ်းရာပျင်းနေရင်အဘွားအိမ်သွားသွားလည်ဖြစ်သည်။ပြောရရင်ချမ်းရာဝိတ်တက်လာတာကလဲအဘွားရဲ့ပရောဂမကင်းပေ။လူကြီးမို့သရေစာတွေမစားတာဘဲလားမသိအဘွားကသူ့အတွက်လာပေးသမျှမုန့်တိုင်းကိုချမ်းရာကိုသာပေးသည်။မြေးတွေထဲအငယ်ဆုံးမို့အချစ်ပိုသည်လားမသိ။

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now