အပိုင်း(၁၆)

95 7 0
                                    

Unicode


ပထမဆုံးနေ့......

ဆရာတော်ကိုကတိပေးပြီးနှစ်ရက်လောက်နေတော့အကောင်အထည်ဖော်ရန်စတင်စီစဉ်ရသည်။
အလယ်တန်းကလေးတွေကိုထိန်းကျောင်းရတာလွယ်တဲ့ကိစ္စတော့မဟုတ်။စာပေပိုင်းမှာချမ်းရာပြန်လေ့လာစရာမလိုပေမဲ့ကလေးတွေကိုလေ့လာရန်အချိန်တစ်ခုလောက်လိုပါသည်။ပထမဆုံးစပြီးအလုပ်ဝင်ခြင်းဖြစ်ပေမဲ့ဆရာတော်ရောကျောင်းအုပ်ကပါယုံယုံကြည်ကြည်နှင့်အတန်းပိုင်ဆိုတဲ့ရာထူးနေရာကိုအပ်နှင်းထားသည့်အတွက်ပိုပြီးကြိုးကြိုးစားစားလုပ်ပြချင်ပါသည်။ကျောင်းစတက်တဲ့နေ့မှာပင်ကျောင်းအုပ်ကရုံးခန်းခေါ်ကာလစာပါကြိုထုတ်ပေးခဲ့သည်။ပထမဆုံးအလုပ်နှင့်ပထမဆုံးရတဲ့လစာကြောင့်စိတ်လှုပ်ရှားမိပါသေးသည်။အခုချမ်းရာရဲ့ပြဿနာကကျောင်းစိမ်းမရှိခြင်းပင်ဖြစ်သည်။ဒီနေ့ကတော့အရပ်ဝတ်နဲ့ဘဲကျောင်းတက်ခဲ့ပေမဲ့နေ့တိုင်းဒီလိုဘဲလုပ်နေလို့မဖြစ်။ကလေးတွေနဲ့ရင်းနှီးမှုယူရတာပထမပိုင်းတော့ခက်ခဲပေမဲ့နည်းနည်းအချိန်ကြာလာတော့အဆင်ပြေသွားသည်။ကလေးတွေကကောင်းကောင်းမိတ်ဖွဲ့တက်တာကြောင့်သိပ်ကြီးစိမ်းသက်‌မနေ။

ကလေးတွေကစားကျောင်းဆင်းချိန်ချမ်းရာလည်းကျောင်းဘောလုံးကွင်းနားလေးကတမာပင်ကြီးအောက်မှာပတ်ရိုက်ထားတဲ့ကွပ်ပစ်ပေါ်ကနေကလေးတွေကစားတာကိုကြည့်ရင်းငယ်ငယ်ကကျောင်းတက်တဲ့ရတာကိုတောင်ပြန်အမှတ်ရမိပါသည်။

"ဆရာခင်ဗျ"

"ပြောလေသားဘာလို့လဲ"

"ဟိုး.....နားကသူကြီးသားကအခေါ်လွှတ်လိုက်လို့"

"ဟမ်....."

ကလေးညွှန်ပြတဲ့ဆီကိုကြည့်မိတော့တိုက်ပုံနဲ့ပုဆိုးကအစိမ်းကွက်နဲ့မာဖလာအနီကြီးနဲ့ထင်းထင်းကြီးရပ်နေသူကြောင့်မထိန်းနိုင်ရီမိသေးသည်။

"သားသွားဆော့လို့ရပြီဆရာသွားလိုက်မယ်နော်"

"ဟုတ်ကဲ့ဗျ"

ဘာတွေရှုပ်အုန်းမလဲမသိ။‌‌
ကျောင်းဝန်းထဲရပ်စောင့်နေတာကြောင့်မသွားချင်လည်းသွားရသည်။

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now