အပိုင်း(၁၉)

99 10 1
                                    

Unicode

အဲ့ဒီနေရာကပြေးထွက်လာခဲ့တာအိမ်ကိုလဲမပြန်ချင်တာနဲ့ရွာစွန်ကဘုရားလေးထဲကိုရောက်လာခဲ့သည်။ချမ်းရာသွားတော့အကိုကပါနောက်ကလိုက်လာခဲ့သည်။

"ချမ်းရာ.....အဆင်ပြေရဲ့လား
အကိုဘာလုပ်ပေးရမလဲပြောလေ"

"ဟင့်အင်း....ရတယ်အကိုကျွန်တော်....."

ရုတ်တရက်ရင်ခွင်ထဲကိုပစ်ဝင်လာကာတရှုံ့ရှုံ့ငိုလာတဲ့ညီငယ်ကြောင့်သက်နိုင်ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည်။ပုံမှန်ဆိုဘယ်လောက်ဝမ်းနည်းဝမ်းနည်းလူ့ရှေ့ဆိုမငိုတက်တဲ့ကလေးက

"ချစ်လား....အဲ့ကောင်လေးကိုချစ်လား"

"........"

"ချစ်နေတာဘဲ
သူ့ဆီကဖြေရှင်းချက်ဘာလို့မတောင်းခဲ့တာလဲ
သူလဲပြောစရာတွေရှိမှာပေါ့ကလေးရဲ့ကိုယ်လုပ်ချင်တာကိုတဇွတ်ထိုးမလုပ်ရဘူးလေအကို့အမြင်တော့အဲ့ကောင်လေးမျက်လုံးတွေကကြည့်တဲ့အကြည့်တွေမှာချမ်းရာအပေါ်မှာထားတဲ့စိတ်ခံစားချက်တွေကိုမြင်နေရတယ်သူ့အကြည့်တွေကအသက်ဝင်လွန်းတယ် ဟိုလူအကို့ကိုကြည့်တဲ့အကြည့်တွေနဲ့ဆင်တယ်"

အစကပြောတာတွေကြောင့်အားတက်မယ်အလုပ်သူကပါအချိုတွေကျွေးပြီးသတ်နေသယောင်ငိုနေတာတောင်တန့်သွားမိသည်။ဒါသက်သက်
မြတ်စေသော်အကြောင်းပြောချင်နေတာ.....

"မင်းမာန်တော်တော့....."

"ဖယ်စမ်းကွာ"

အကိုထွက်သွားကတည်းကတစ်အိုးပြီးတစ်အိုးဆက်တိုက်ထိုင်သောက်နေတဲ့ကောင်ကိုဘယ်သူမှထိန်းမနိုင်....

"မာန်....."

မေ့အသံကြားတာနဲ့‌မာန်ကဒေါသတွေစွတ်နေတဲ့မျက်ဝန်းတွေနဲ့ပြန်ကြည့်လာသည်။

"ဘာလာလုပ်တာလဲ"

"ဟို....မက"

"သွားစမ်း.....ကျုပ်ဒီထက်ပိုစိုးမလာခင်သွားလိုက်တော့"

"ဟင့်အင်းမာန်
မမင်းကိုမခွဲနိုင်ဘူး"

"အဲ့တာခင်ဗျားစောက်ကြောင်း
ကျုပ်ခင်ဗျားကိုအစောကတည်းကပြောပြီးသား
ခင်ဗျားလဲကျုပ်ဘယ်လိုမှန်းသိရက်နဲ့တွဲခဲ့တာ"

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now