အပိုင်း(၁၅)

115 9 0
                                    

Unicode

"အညာပြန်အသည်းမပါပေမဲ့ငိုမယ်မထင်နဲ့

ရန်ကုန်မြို့သူမိအညာကြီးရယ်

အောက်ပြည်ရွာအလယ်သွား

ဘာလက်ဆောင်များမင်းပါလာခဲ့တယ်

အညာရောက်ရင်မေးကြလိမ့်မယ်**********"

အသံချဲ့စက်ကကြည်လင်စွာထွက်လာတဲ့အသံကိုသေချာနားထောင်နေမိသည်။

ရင်းနှီးနေတဲ့အသံကြောင့်အသံရှိရာကြည့်မိတော့ဟိုငရှုပ်ကောင်ပေါ့ ဘယ်ရန်ကုန်သူကိုလွမ်းနေလဲမသိတစ်ရွာလုံးကိုအသံနဲ့နှိပ်စက်နေသည်။

"ချမ်းရာ......အိမ်ရှေ့ထွက်ပြီးသီချင်းနားထောင်နေတာလား"

"အမ်......မဟုတ်....နားမထောင်ပါဘူးဗျာ"

အကို့အမေးကြောင့်ချမ်းအနည်းငယ်မလုံမလဲဖြစ်မိပါသေးသည်။

‌"သားရေ...."

"ဗျာအဖေလာပြီ"

"ဆရာတော်ကအားရင်ခဏကျောင်းဘက်လှည့်ခဲ့အုန်းတဲ့အကူအညီတောင်းစရာလေးရှိလို့တဲ့လေ
အဲ့တာညီကိုနှစ်ယောက်သွားရင်သွားလိုက်အုန်း"

"ဟုတ်အခုသွားရမလား"

"ကောင်းတာပေါ့သွားသွား"

ဆရာတော်ကိုမစောင့်ခိုင်းချင်တာနဲ့အဖေပြောပြီးပြီးချင်းအကို့ကိုခေါ်ကာတန်းထွက်လာခဲ့သည်။

ရာသီဥတုကအုံမှိုင်းမှိုင်းနဲ့မို့အိမ်ကထွက်လာကတည်းကထီးပါအပိုယူခဲ့ရသေးသည်။လမ်းတစ်ဝက်ရောက်တော့မိုးစက်လေးတွေခပ်ဖွဲဖွဲကျလာတာကြောင့်ရွာဦးကျောင်းကိုခပ်သုတ်သုတ်လျှောက်ရသည်။ကျောင်းရောက်တော့ဆရာတော်က ရွာရဲ့စာသင်ကျောင်းအတွက်အကူအညီတောင်းခြင်းဖြစ်သည်။ ရွာကနည်းနည်းခေါင်တော့ဘယ်သူမှတစ်နှစ်ပြည့်အောင်မလုပ်ချင်ကြဘူးတဲ့လေချမ်းရာကတော့ရွာခံရဲ့မိသားစုဖြစ်လို့လုပ်ပေးနိုင်မလားတဲ့အမှန်တိုင်းပြောရရင် ဘွဲ့ရပြီးကတည်းကဘာအလုပ်မှမလုပ်ဘဲအဖေ့အလုပ်ကိုနည်းနည်းပါးပါးကူရင်းဘဲထိုင်စားနေခဲ့တာကိုယ်ပိုင်အလုပ်ကလေးလုပ်မယ်စိတ်ကူးတော့လည်းချမ်းရာကနှစ်အတော်ကြာစာဘဲကျက်လာတဲ့သူမို့စာကျက်တာကလွဲရင်ဘာမှမလုပ်တက်။အခုစာပြန်သင်ပေးရမှာဆိုတော့စိတ်ဝင်စားပေမဲ့ကလေးတွေကိုဘယ်လိုကိုင်တွယ်ရမလဲမသိ။ဆရာတော်ကတော့အရမ်းမျှော်လင့်နေတာဖြစ်လို့ကြိုးစားကြည့်ပါမယ်လို့ကတိပေးခဲ့လိုက်သည်။

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now