အပိုင်း(၂၆)

156 11 1
                                    

မောင်သူ့ဆီမလာတာငါးရက်မြောက်နေ့ပါ။

တစ်နေ့လုံးစိတ်တွေကမောင့်ဆီကိုဘဲရောက်နေသည်။ချမ်းရာရဲ့ငရှုပ်လေးဘယ်တွေများသွားခြေရှုပ်နေလို့ဒီလောက်ထိပစ်ထားနိုင်ရတာလဲ။ချမ်းရာလဲအဖေနဲ့စကားပြောပြီးကတည်းကဘယ်ကိုမှမထွက်ဖြစ်။အခုတောင်အိမ်ရှေ့မျက်နှာသာကအပင်အောက်မှစာအုပ်ဖတ်ရင်းစိတ်တွေကဇာတ်လမ်းဆီကိုလဲမရောက်မောင့်ဆီကိုသာရောက်နေသည်။

"ချမ်းရာ....."

"အ....အဖေ"

"ထိုင်မယ်နော်"

"ဟုတ်ကဲ့"

"ဘာတွေစဉ်းစားနေလဲ"

"ဟိုတွေးဒီတွေးပါအဖေ"

"အဖေကစိတ်ဒဏ်ရာပေးလိုက်သလိုဖြစ်သွားသလားသား"

"ဟင့်အင်းသားဘယ်လိုမှမနေပါဘူး"

"အဲ့ကောင်ကိုသူ့အဖေပွဲရုံမှာတွေ့တယ်"

"ဟင်...."

"ဟုတ်တယ်
အလုပ်တွေကူနေရင်းသင်ယူနေတယ်ထင်ပါရဲ့
လုပ်ပုံကိုင်ပုံကတော့စည်းစနစ်ကျကျရှိပါတယ်"

"ဟုတ်"

"သူ့ကိုသိပ်ချစ်တာဘဲလား"

"‌ဗျာ..."

"အစကအဖေ့သားကိုနှမြောလွန်းလို့ပါ
အခုသူကလဲအရင်လိုမဟုတ်ပြောင်းလဲလာတာအဖေ့သားကြောင့်ဘဲမလား"

"......."

"အဖေ့အမှားပါစကားလုံးရင့်ရင့်သီးသီးတွေသုံးခဲ့မိတာ"

အဖေကချမ်းရာလက်ကိုဆုတ်ကိုင်လာသည်။

"အဖေစိတ်ချပါတယ်
သူအဖေ့ဆီလာတယ်အများကြီးမပြောပါဘူးတစ်ခွန်းဘဲပြောသွားတာကျွန်တော်ဦးလေးသားကိုချစ်တယ်တဲ့အဲ့တာကြောင့်ဦးလေးခွင့်ပြုချက်လိုတယ်တဲ့လေအခုသူအိမ်ထောင်တစ်ခုတည်ထောင်ဖို့အတွက်ကြိုးစားနေပါတယ်တဲ့သူ့ကိုစောင့်ကြည့်ပေးပြီးကျေနပ်တဲ့အခြေအနေတစ်ခုရောက်ရင်သားကိုပေးပါတဲ့"

"အဖေ....."

"လာပါအုန်းအဖေ့ဆီ"

အဖေကလက်တွေကိုဆန့်တန်းပေးလာတာနဲ့ချမ်းရာလဲအလိုက်သင့်အဖေ့ရင်ခွင်ထဲကို‌တိုးဝင်ပစ်မိသည်။သူခံစားမိသည်အဖေငိုနေတာ....

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now