အပိုင်း(၁၀)

126 9 0
                                    

Unicode

"အကို....."

"ဪ.....ချမ်းရာဦးလေးနဲ့လိုက်မသွားဘူးလား"

"ဒီရက်ပိုင်းမလိုက်ဖြစ်ဘူးအကို"

"‌ဪ"

တွေတွေနဲ့ငေးနေသောအကို့ကိုချမ်းရာသိပ်အားမရတော့ပါ။

"အကိုကျွန်တော့်ကိုအကြောင်းစုံပြောပြ"

"ဟင့်အင်း......အကိုဘာတွေဖြစ်ခဲ့လဲဆိုတာနားမလည်ဘူး"

"အကိုရယ်.....ကျွန်တော်သူ့ကိုအခုထိဆက်သွယ်မရဘူးအကို"

"ဟုတ်မှာပါသူ....သူအလုပ်တွေနဲ့စိတ်ပင်ပန်းလို့များလားချမ်းရာ"

"အကိုထင်သလိုဖြစ်ရင်ကောင်းတာပေါ့"

"မဟုတ်မှအသစ်များတွေ့လို့လား"

"မြတ်စေသော်ကအဲ့လိုလူလားအကို
အခုသူကအကို့ကိုအသေအချာလမ်းခွဲဖို့ပြောလိုက်လား"

"သူစာပို့လာတယ်
သူစိတ်မပါတော့ဘူးတဲ့"

"သူကိုယ်တိုင်ပြောလား"

".........."

"သူ‌ဆက်သွယ်လာတဲ့အထိစောင့်ရအောင်နော်"

"တကယ်လို့သူ့ဘက်ကအတည်ဆိုရင်အကိုခံစားနေရမှာမမြင်ချင်ဘူးဒါဟာသူတန်ဖိုးမထားတက်တာအကို့ဘက်တာဝန်ကျေခဲ့တယ်သူ့အပေါ်မှာအကောင်းဆုံးချစ်ပေးခဲ့တယ်အဲ့တော့သူ့ဘက်ကဟုတ်ခဲ့ရက်ကိုယ့်စိတ်ကိုသေချာလေးပြင်ဆင်ပါဒါဟာကျွန်တော်မခံစားဘူးလို့ပြောနေတာမဟုတ်ဘဲအကိုမို့လို့ပြောနေရတာ"

"အကိုနားလည်ပါတယ်"

စိတ်မကောင်းဖြစ်နေတဲ့အကို့ကိုပွေ့ဖက်ပြီးနှစ်သိမ့်ပေးနေတုန်း

"အမလေး.......ကုန်ပါပြီ
ကုန်ပါပြီ"

အကို့ကိုချမ်းရာရင်ခွင်ထဲကအတင်းဆွဲထုတ်ပြီး

"ချမ်းရာကဗျာသဝန်တိုရအောင်"

"မင်း.....!"

"ချမ်းရာသူက"

"အရေးမပါတဲ့လူ"

အ‌ကို့အမေးကိုသူ့ကိုသေချာစိုက်ကြည့်ပြီးဖြေမိတော့

"စိတ်ကားလိုက်တာဗျာ"

"........."

"ကျုပ်တော့ဖြင့်ချစ်လိုက်ရတာသူကတော့အရေးမပါတဲ့လူတဲ့ဟုတ်ပါတယ်ကျုပ်ကအရေးမပါတဲ့ကောင်ကြီးပါ"

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now