Description

2.1K 113 2
                                    




Author: Min Ran 闵然
Associated Names: My Feelings Can Wait (余情可待[重生] )
Episodes: 142 Chapters + 2 Extras
DISCLAIMER: I only posting this for Myanmar Translation.

Unicode

ရုပ်ရှင်ဘုရင်မ ကျင်ရှိုရဲ့မင်္ဂလာပွဲ ကျင်းပနေတဲ့အချိန် Weibo မှာ ဒေသအတွင်းသတင်းတချို့နဲ့ ပလူပျံနေတော့တယ်။
"ရုပ်ရှင်ဘုရင်မလက်သစ်လေး ကျီရုံယန်တစ်ယောက် အယ်ကိုဟောအဆိပ်မိ၍ သေဆုံးသွားခြင်း" တဲ့...

ခဏအကြာ နောက်ထပ်သတင်းခေါင်းစည်းပိုင်းတစ်ခု ထပ်ထွက်လာလေရဲ့....
"မင်္ဂလာပွဲက တချို့အကြောင်းကြောင်းကြောင့် ဖျက်သိမ်းသွားခြင်း"

ကျီရုံယန် ရုတ်တရက်နိူးလာပြီးတော့ ဒီအဖြစ်အပျက်တွေ မဖြစ်ခင် သုံးနှစ်အလိုကို ပြန်ရောက်သွားတာကို သိလိုက်ရတယ်။

သူ ကျင်ရှိိုနဲ့ လမ်းခွဲပြီး နှစ်နှစ်အကြာအချိန်ပေါ့။
သူ ပြန်မွေးဖွားလာခဲ့တာ....

ဒီအကြိမ်မှာတော့ ကျီရုံယန် ကျိန်လိုက်တယ်။
ကျင်ရှိုကို လုံးဝအဆုံးရှုံးမခံတော့ဘူးဆိုတဲ့ကတိ....

ဒီနှစ်တွေမှာ ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် လွမ်းနေခဲ့ကြတယ်။ ချစ်နေကြတုန်းပဲ။

ကောင်းကင်မှာ ကြယ်ရောင်တွေ တဖျက်ဖျက် တောက်ပနေလို့။ တကယ်လို့ ငါ နင့်ဘေးမှာ မနေရဘူးဆိုရင် အချိန်ဆိုတာ ဘာတန်ဖိုးမှ မရှိတော့ဘူး...

-----------------------------------------

ဒီဝတ္ထုလေးက Min Ran 闵然 ရေးတဲ့ တရုတ် gl ဝတ္ထုလေးပါ။
Brokenmirror type/ rebirth type ပုံစံမျိုး..
brokenmirror ဆိုတာ ပြတ်ဆဲသွားပြီးတဲ့ဆက်ဆံရေးကို ပြန်ဆက်တဲ့သဘောမျိုးပဲ။

LeoN ဒီဝတ္ထုလေးကို အတော်လေးကြိုက်နေတာကြာပြီ။ အခုမှပဲ ဘာသာစပြန်ဖြစ်တာရယ်။
သေချာပေါက် ဖတ်ကြည့်ပါ။ ဖတ်ရင်းနဲ့ သဘောကျလာမယ်ဆိုတာ LeoN ကောင်းကောင်းကြီး အာမခံပါတယ်။

ဒီဝတ္ထုထဲမှာ Main Lead ဖြစ်တဲ့ ကျီရုံယန်က သူ့ရည်းစားဟောင်းကျင်ရှို လက်ထပ်တဲ့နေ့မှာ အရက်တွေဇွတ်သောက်ပြီး အစာအိမ်ရောဂါနဲ့သေသွားတာ။ ဒါနဲ့  ပြန်မွေးဖွားလာတာပေါ့။ သူ့ရည်စား ကျင်ရှိုနဲ့ ပြတ်ပြီး နှစ်နှစ်အကြာ၊ တစ်နည်းပြောရရင် ကျင်ရှိုက တခြားယေက်ျားတစ်ယောက်နဲ့ လက်မထပ်ခင် သုံးနှစ်အလိုမှာ။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now