အပိုင်း (၁)

1.6K 43 3
                                    

Unicode


"နင့်ပါးစပ်ကိုပိတ်ထားစမ်း"

တစ်ရပ်ကွက်လုံးတိတ်ဆိတ်နေတဲ့အချိန်မှာအိမ်ကမာတာမိခင်အသံကဟိန်းကနဲ့ထွက်လာသည်။နေ့လယ်ခင်းမို့တစ်ချို့အိမ်တွေကတစ်ရေးတစ်မောအိပ်နေမည်ဖြစ်၍တစ်ရပ်ကွက်လုံးကအိပ်နေသူများနိုးသွားစေရန်လုံလောက်သည့်အသံမျိုးပိုင်ဆိုင်ထားသည့်အမေ့ကြောင့်ရပ်ကွက်ထဲမှလူတွေအားစိတ်ထဲကနေသာတောင်းပန်စကားဆိုလိုက်သည်။

ချမ်းအေးသာခေါ်ချမ်းရာပါအစကတော့ချမ်းအေးရာလို့အဖေကမှည့်ပေးထားပေးမဲ့အမေလုပ်သူကမကြိုက်ဘူးဆိုတဲ့စကားကြောင့်ချမ်းအေးသာဖြစ်လာတယ်ပေါ့။ချမ်းရာကို‌တော့အိမ်နာမည်အဖြစ်သာခေါ်ကြသည်။အခုလဲမြင်ကြတဲ့အတိုင်းပါဘဲသားအမိနှစ်ယောက်မျက်နှာချင်းဆိုင်မိတာနဲ့ခုနှစ်အိမ်ကြားရှစ်အိမ်ကြားတင်မကတစ်ရပ်ကွက်လုံးကြားသည်အထိရန်ဖြစ်ကြပါလေရော။

"ဘာလဲမပိတ်နိုင်ပါဘူး
ဟိုမိန်းမကြီးတွေချွန်တိုင်းကိုယ့်သားသမီးကိုမယုံမကြည်နဲ့"

"အောင်မာနင်ကများပြန်ပြောတက်နေတယ်ပေါ့"

ပြောပြောဆိုဆိုနဲ့ဗိုက်ခေါက်လာဆွဲသည်ကြောင့်ရှောင်ချိန်တောင်မရလိုက်။အမေ့လက်ဆကပြင်းသည်မို့လိမ့်နေအောင်ခံရသည်။

"အား.....အားအမေလွှတ်နာတယ်လို့အမေလို့"

"ပြောလေငါ့ကိုပြန်ပြောပါအုန်း"

အားပိုထည့်ကလိမ်ဆွဲလိုက်သည်မို့အသည်းခိုက်အောင်နာကျဉ်လာ၍မျက်ရည်စတွေကပါခိုတွဲလိုက်လာသည်။

"အမေလွှတ်လို့......အင့်"

ထိုအခါမှအမေကလွှတ်ပေးကာမကြည်ကြည့်တစ်ချက်ကြည့်ပြီးအခန်းထဲဝင်သွားသည်။အမေမရှိတော့မှာဝရံတာကိုထွက်ကာတအီအီနဲ့ထိုင်ငိုနေမိသည်။လူတွေကြည့်မှာကိုလည်းမရှက်နိုင်တော့ပါ။ဒီအသက်အရွယ်မှကလေးလိုထိုင်ငိုနေတာကနည်းနည်းကြောင်တောင်တောင်နိုင်ပေမဲ့ပေါ့။

"ပုံပြတေးဆို ခုအခြေခိုက်စရာမို့
မောင့်ကောင်လေးကိုနော်ဗျာ
သူ့အမေရိုက်ပါလို့
ဟိုမှောင်မိုက်မှာတဲ့
ရှိုက်ရှိုက်ကာငိုသံတွေ
ကြားရသူပူဗျာပါဗွေ
ကိုယ်လေမနေတတ်ပြီမို့
လာလာလေလိုက်ခဲ့ပါတော့
မောင်တို့ဌာနေ ချစ်သောအညာမြေ"

𝐵𝑜𝑟𝑛 𝑇𝑜 𝑌𝑜𝑢𝑟(Ongoing)Where stories live. Discover now