After 12:00 AM

368 39 37
                                    

(Unicode)

"စျာန်လင်းရောင် မင်း သေချာတယ်မလား"

"ကျစ်..၊ ငါ့ကို ယုံစမ်းပါ"

"ငါ နည်းနည်းကြောက်တယ်"

"ငါနဲ့ထည်ဝါ ပါနေတာကို မင်းက ဘာကြောက်တာလဲ၊ လာစမ်းပါကွာ"

အမွှေစိန်.. အဲ လူငယ်လေးသုံးယောက်ရှိသည်။ ထိုသုံးယောက် အိမ်အိုကြီးထဲသို့ ဝင်မယ်လုပ်လိုက်တိုင်း မုတ်ဆိတ်တွဲလောင်းကျနေသော ညောင်ပင်အိုကြီးကို ကြည့်ရင်း ခြေလှမ်းတွေတန့်သွားလိုက်၊ စကားတီးတိုးပြောလိုက် လုပ်နေကြသည်မှာ ဆယ့်ငါးမိနစ်ကျော်ကြာလာပြီဖြစ်သည်။ အိမ်ကြီးသည် ပြိုကျမတတ်ဟောင်းနွမ်းနေပြီး ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်ဆက်လွန်းလှသည်မို့ အထဲဝင်ရမယ်လို့ တွေးလိုက်မိရုံနဲ့တင် မူရှုးတစ်ကိုယ်လုံး ကြက်သီးတွေ တဖြန်းဖြန်းထလာ၏။ ထည်ဝါနှင့် စျာန်လင်းရောင်ကို ဘယ်တဖက်၊ညာတဖက် တွဲထားသော်လည်း ကြောက်စိတ်မပြေသေး..။ ကြာတော့ စျာန်လင်းရောင် စိတ်မရှည်..။

"မင်းဗဟိုတည် မင်းလာချင်တယ် ပြောလွန်းလို့ ဒီရောက်နေတာနော်။ ဝင်မှာလားမဝင်ဘူးလား ပြော"

"ဝင်မှာ၊ ဒါပေမယ့် အိမ်ပုံစံကိုကြည့်ရတာ အောက်လမ်းဆရာဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

"ကိုကြီးခန့်ညားကတော့ အကြားအမြင်လို့ ပြောတာပဲ၊ မင်းနဲ့ကိုဥာဏ်နဲ့ အကြောင်းပါမယ်ဆိုတာလည်း ဒီဆရာကြီး ဟောပေးတာပါဆိုနေ"

"သိတယ်၊ ခဏလေး. ငါ အသက်ဝအောင် ရှုပြီးရင် အထဲဝင်ကြမယ်။ စျာန်လင်း‌ရောင် ယတြာတောင်းပေးနော်"

"မင်းသာဝင် ငါ တောင်းပေးမယ်။ ဒါနဲ့ ထည်ဝါ.. မင်းက ဘာလို့ Mask တပ်ထားတာလဲ"

စျာန်လင်းရောင်ပြောလာမှ ထည်ဝါ့ကို မူရှုး စေ့စေ့ကြည့်လိုက်မိသည်။ အကောင်းစားက မျက်နှာကို အုပ်ထားလိုက်တာများ သူ့ကိုယ်သူ ရုပ်ရှင်မင်းသားလိုလို၊ အဆိုတော်လိုလိုနဲ့။ ထည်ဝါက သဘာဝလွန်အရာတွေကို အယုံအကြည်မရှိမှန်း မူရှုးတို့နှစ်ယောက်လုံး သိသော်လည်း အ‌ဖော်ရအောင် တမင်တကာ ဆွဲခေါ်လာကြတာဖြစ်သည်။

7. B.Y.E (Completed)Where stories live. Discover now