Episode- 7

579 77 150
                                    

(Unicode)

"ဒါ ကျွန်တော့်သားလေ၊ သား ဆရာမတွေကို နှုတ်ဆက်လိုက်ဦး"

"တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ၊ မင်းဗဟိုတည်လို့ ခေါ်ပါတယ်"

"ချစ်စရာလေး၊ သားက ဘယ်နှစ်တန်းလဲ"

"သားလေးက ဆယ်တန်း တက်တော့မှာ"

"တကယ်၊ ကြည့်စမ်း ၈တန်းလောက် အောက်မေ့နေတာ"

ဒီနေ့ မင်းဗဟိုတည်တစ်ယောက် စျာန်လင်းရောင်တို့အိမ်ကနေ စောစောပြန်ခဲ့ရသည်။ ပါကြီးတို့က ၁၂ မထိုးခင် လာခေါ်ပါသည်။ ပါကြီးလိုက်ပြတဲ့ သွားဆေးခန်းတွေကို လိုက်ကြည့်ရင်း ဝန်ထမ်းများနဲ့ မိတ်ဆက်ရသေးသည်။ အားလုံးက ဖော်ရွေပါသည်။ ဒါပေမဲ့ ဒီစကားတော့ မပါ။

"ဆယ်တန်းတောင် ရောက်ပြီလား၊ တကယ့်ကို ကလေးလေး ကျနေတာပဲ"

"ဆရာ့သားကို ၁၃နှစ်လောက် ထင်နေတာ"

"၈တန်း ထင်လို့"

အရင်စိတ်နဲ့ဆို ငယ်တယ် ပြောခံရတိုင်း မူရှုးတို့က သွားကိုဖြီးလို့။ အခုများ ငယ်တယ်နုတယ်ကြားတာနဲ့ ရင်ဘတ်ထဲမှာ အောင့်သက်သက် ဖြစ်လာသည်။ ဒါ ကိုဥာဏ်ပေးတဲ့ စိတ်ရောဂါ။

"သားက ကလေးလို နေနေလို့၊ နောက်နှစ်ဆို တက္ကသိုလ် ကျောင်းသားကြီးဖြစ်ပြီ"

"သား ကောင်မလေးလေးရော ရနေပြီလား၊ အန်တီ သမက်တော်ချင်လို့"

"ကလေးက ဒါတွေ နားမလည်သေးဘူး အစ်မရဲ့"

တစ်ယောက်ယောက်က သမက်ဖမ်းမယ်၊ သဘောတူတယ် ပြောတာမျိုးဆိုရင် အေးက နည်းနည်းလေးမှ သဘောမကျ။ အမြဲတမ်း ခပ်ပြုံးပြုံးလေးနဲ့ ငြင်းပယ်တတ်တာ။ ပါကြီးကတော့ အမျိုးသားနဲ့ သားကို တစ်လှည့်စီ ကြည့်ရင်း စိတ်ချမ်းမြေ့နေတဲ့ပုံ။

မူရှုးတို့ မိသားစု ရန်ကုန်ရောက်တာ ငါးလကျော်လာပြီ။ ပါကြီး ဦးစီးတဲ့ သွားဆေးခန်းတွေလည်း စတင်ဖွင့်လှစ်နေဖြစ်သလို အေးရဲ့တူရိယာဆိုင်ကလည်း ပစ္စည်းအစုံအလင်နဲ့ ပြီးသလောက်နီးပါးရှိပြီ။ အခုဆို ရန်ကုန်နဲ့ မန္တလေးရဲ့ မြို့နယ်တိုင်းမှာ Center သွားဆေးခန်းတွေရှိသည်။ Center Musical Instrument ဆိုင်ကြီးကလည်း မြို့လည်ခေါင်မှာ ဟီးလို့။

7. B.Y.E (Completed)Where stories live. Discover now