Part-Time Hubby

265 38 15
                                    

(Unicode)

မင်းဗဟိုတည် တက္ကသိုလ်မှာ နာမည်ကြီးနေသည်။ ဘယ်လိုကြီးသွားသလဲဆိုရင် ပထမနှစ် စတက်တဲ့ ပထမရက်မှာကတည်းက ကားအကြီးကြီးနဲ့ ကျောင်းလာပြီး ထိုကားအကြီးကြီးထဲကလူကို မပြီးနိုင်မစီးနိုင် Fly Kiss တွေပေးခဲ့ရာက စသည်။ ထိုမှတဆင့် ချောနုလှတဲ့ ရုပ်ရည်နဲ့ ချစ်စရာကောင်းလွန်းလှတဲ့ ဟန်ပန်ကြောင့် ရည်းစားလူချောကြီးရှိတဲ့ ပထမနှစ်ကအုခဲလေးဟု နာမည်ကြီးသည်။

ဒီလောက်ထိက တော်သေး၏။ ရိုးရိုးသားသား ခင်မင်ချင်လို့တမျိုး၊ မရိုးမသား ခင်မင်လို၍တဖုံ ချည်းကပ်ကြတဲ့ လူသူများကို ခပ်ပြုံးပြုံးလေးနဲ့ ပြန်ပြောတတ်တဲ့စကားကြောင့် မင်းဗဟိုတည်ကို တစ်ကျောင်းလုံးမသိသူ မရှိပေ။

"ကျွန်တော် အိမ်ထောင်သည်ပါခင်ဗျ"

သူ့တွင် အိမ်ထောင်ရှိကြောင်း၊ သူ့အမျိုးသားမှာ ဘယ်လောက်တည်ကြည်ပြီး ဘယ်လိုချောမောခန့်ညားကြောင်းကို ဝေ‌ဝေဆာဆာ ဂုဏ်ယူစွာ ပြောပြတတ်လေရာ ထိုအကြောင်းတွေ ပြောပြတိုင်း တဟိဟိလုပ်ကာ နားထောင်တတ်သည့် ဘော်ဒါကောင်းတစ်ယောက် ရလာသည်။ ထိုသူမှာ ရတုသစ်လွင်ဖြစ်ပြီး ရတုနောက်ကို တစ်ကောက်ကောက်လိုက်နေသည့် သူ့ရည်းစား မင်းရာစုဆက် နဲ့လည်း သိကျွမ်းခွင့်ရသည်။ မူရှုးကတော့ သူတို့အတွဲကို တုတုနှင့်စုစု လို့ ချစ်စနိုးနဲ့ ခေါ်သည်။

"မူရှုး ငါ မင်းကိုစောင့်နေတာ"

"တုတု တုတု၊ မတွေ့ရတာ နှစ်ရက်ရှိသွားပြီ၊ ငါ မင်းကို လွမ်းနေတာ"

"ငါလည်း မင်းကိုလွမ်းနေတာ"

အခုလည်းကြည့်၊ ကျောင်းလေးနှစ်ရက် ပိတ်တာကို မူရှုးနဲ့တုတုက လွမ်းနာကျခဲ့ရတဲ့ ချစ်သူနှစ်ဦးလို ဖက်အော်ကြရင်း ဘေးနားက မင်းရာစုဆက်ကို တတိယဘီးဖြစ်အောင် လုပ်ကြသည်။ ပြန်စုံပြီးနောက်ပိုင်း မူရှုးနဲ့ရတု ဆက်ဆံရေးက ခိုင်မြဲလာတဲ့အပြင် ချစ်စရာတစ်လိုင်း ပြောဆိုတတ်ကြသေးတာမို့ ရာစု ဘာမှမပြောနိုင်ဘဲ စိတ်ချမ်းသာအောင် လွှတ်ထားပေးရလေသည်။

"ဟီး စုစု၊ ငါ မင်းကိုလည်း ပိစိ‌လေးတော့ လွမ်းပါတယ်"

မူရှုးက လက်ညိုးနဲ့လက်မကို ထိပြီး ပမာဏသေးသေးလေး ပုံဖော်ပြတော့ ရတုကပါ ပုံစံတူလိုက်လုပ်သည်။ မင်းရာစုဆက်၏ မျက်ဆံနှစ်လုံး အထက်သို့လှန်သွား၏။

7. B.Y.E (Completed)Where stories live. Discover now