Episode - 14

635 67 99
                                    

(Unicode)

"ပျင်းရိသောသူက အိမ်ပြင်မှာခြင်္သေ့ရှိ၏၊ လမ်းတို့၌ ခြင်္သေ့ရှိ၏ဟု ဆိုတတ်၏..တဲ့ အစ်ကိုရဲ့"

အေးတစ်ယောက် ဖုန်းထဲကစာတွေကို ဖတ်ပြနေခြင်းဖြစ်သည်။ နာမည်တပ်တာက ပါကြီးဖြစ်သော်လည်း မျက်လုံးတွေက မူရှုးဆီမှာ။ မူရှုး မကြားချင်ယောင်ဆောင်ကာ ရုပ်ရှင်ဆက်ကြည့်နေလိုက်သည်။ အေးက ရပ်မသွားဘဲ..

"တံခါးရွက်သည် စရွေး၌လည်သကဲ့သို့ ပျင်းရိသောသူသည် အိပ်ရာပေါ်မှာ လည်တတ်၏.."

"အအိပ်ကြမ်းလို့နေမှာပေါ့"

"မင်းဗဟိုတည်..၊ ကျွန်တော် ဆက်ဖတ်ပြမယ် အစ်ကို၊ ပျင်းရိသောသူက ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏တဲ့"

"သားကတော့ ဆရာကြီးလုပ်ဖို့‌တောင် ပျင်းတယ်"

"ဟာ မင်းဗဟိုတည်"

အေးက တုတ်ရှာသယောင် သရုပ်ဆောင်နေပြီမို့ မူရှုး ကျောရိုးပျော့လူသားအလား အေးပေါ်မှာ မှီချလိုက်သည်။ ရိုက်ဖို့နေနေသာသာ ဘယ်တုန်းကများ ရွယ်ဖူးကြလို့လဲ၊ အခုလည်း မူရှုးရဲ့ဆံပင်လေးကို ခပ်ဖွဖွပွတ်သပ်ကာ စိုးရိမ်တကြီးမေးလာသည်။

"အေးသားလေး ဘာအဆင်မပြေတာများရှိလဲ၊ ရုံးမှာလား၊ သင်တန်းမှာလား"

"သား အဆင်ပြေပါတယ်၊ ဒီတိုင်း..ပျင်းလို့"

နှုတ်ခမ်းလေး ဆူတူကာ ပြောလိုက်တော့ သားအဖစကားဝိုင်းထဲကို ပါကြီး ပါလာရသည်။ ပါကြီးက မူရှုးတို့ဘေးမှာ ပြောင်းထိုင်လာပြီး..

"ပျင်းတာနဲ့ မသွားချင်တာ.မတူဘူး သား၊ မသွားချင်တဲ့အကြောင်းအရင်းကို ကိုယ်ကိုတိုင်က သိရမယ်၊ အခက်အခဲမှန်ခဲ့ရင် ဖြေရှင်းရမယ်၊ သားမှာ ပါကြီးရော အေးရော ရှိတယ်၊ သားအတွက် ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ပေးမှာ"

မူရှုးရဲ့ အခက်အခဲက သူ့ကို မတွေ့ချင်ရုံသက်သက်။ မေ့ပစ်ဖို့အတွက် အဆက်အသွယ်ဖြတ်ပြီး အနေဝေးသွားခြင်းကသာ အကောင်းဆုံးနည်းလမ်း ဖြစ်နိုင်သည်။ ဒါ့ကြောင့်လည်း သူ့မျက်စိရှေ့ကနေ ပျောက်ကွယ်သွားဖို့သာ အသည်းအသန်ကြိုးစားနေမိသည်။ နှလုံးသားက ကွဲအက်နေသည့်အနေအထားမို့ အရင်လို ပြုံးပြုံးရွှင်ရွှင်မရှိ။ အဖေတွေ စိတ်ပူတာကိုလည်း မူရှုး နားလည်သည်။

7. B.Y.E (Completed)Where stories live. Discover now