Episode - 19

674 75 114
                                    

(Unicode)

တိမ်လိပ်များ မဲမှောင်နေပြီဖြစ်သည်။ ရွာမချသေးသော်လည်း ဦးကြိုလာသော လေနုကြမ်းကြောင့် မိုးပြင်းရွာဟန်တူသည်။ ဒီလိုအချိန်ဆို ကံလင်းရောင် တစ်ယောက် ပတ်ဝန်းကျင်ကို ငေးမောနေတတ်သည်။ စိတ်ကတော့ သွားလိုရာ လွှင့်နေရင်းပေါ့။

ကော်ဖီပူပူတခွက်ကို တစ်ငုံချင်းသောက်ရင်း အတိတ်ကို ပြန်လည်တွေးတောမိသည်။ ကံလင်းရောင်က ခေါင်းမာတဲ့လူစား၊ ကိစ္စတိုင်းမှာ အကြံဥာဏ် တောင်းခံတာမျိုး မရှိသလို ချပြီးသားဆုံးဖြတ်ချက်ကိုလည်း ပြန်မပြင်တတ်။ ပြတ်သားခြင်းကို လက်ကိုင်ထားပေမဲ့ တစ်ဖက်မှာလည်း နောင်တတရားက ဖြစ်တည်နေပြန်သည်။ ကိုယ့်ခံယူချက်ကြောင့် တစ်ပါးသူ နာကျဥ်ရတယ်ဆိုရင်ရော..၊ အထူးသဖြင့် ကိုယ့်ညီလေးအပေါ် သက်ရောက်လာတယ်ဆိုရင် သေချာတယ်၊ ကံလင်းရောင် ပြောင်းလဲပစ်ဖို့ ဝန်လေးနေမှာမဟုတ်။

'တီ တီ တီ တီ'

"ဟယ်လို အငယ်"

"....."

"အိမ်ကိုလား၊ ဘာဖြစ်လို့လဲ"

"....."

"ကိုကြီး လူနာ မရှိပါဘူး၊ လာခဲ့မယ်လေ"

အငယ်က ဖုန်းဆက်ခေါ်သည်၊ အိမ်ကို လာခဲ့ပါတဲ့။ အခုရက်ပိုင်း အိမ်ကို မပြန်ဖြစ်တာကြာပြီ။ အဖေနဲ့ ညှိမရတဲ့နောက်ပိုင်း တမင်ရှောင်နေခဲ့တာ။ ထိပ်တိုက်ဆိုင်ရင် စကားများနိုင်ချေရှိနိုင်တာကို အဖေရော၊ ကံလင်းရောင်ပါ ကြိုမြင်ထားကြတော့ အငယ့်အတွက် စဥ်းစားကာ အိမ်အပြန်နည်းသည်။ 

ဒါပေမဲ့ ကံလင်းရောင် အစား အငယ် ယူရတဲ့ တာဝန်တွေက ပိုများလာသည်။ စေ့စပ်တဲ့ကိစ္စကိုပဲကြည့်၊ သူ စိတ်မပါတဲ့အရာကို မိဘတွေမျက်နှာကြောင့် ခေါင်းငြိမ့်ခဲ့တာ။ ဒါလည်း ကိုယ် မကောင်းတာပါ။ မိဘက ထိန်းချုပ်တယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် ခါးခါးသီးသီး ရှောင်ထွက်လိုက်မိသည်။ ဒါပေမဲ့ အကျိူးဆက်ကို ခံစားရသူက အငယ်။

အခုတလော အငယ် ခံစားချက် ပြင်းထန်လာတာကို ကံလင်းရောင် သတိထားမိသည်။ လူသားပိုဆန်လာတာကို သဘောကျပေမဲ့ စိတ်မထိန်းနိုင်မှာကိုလည်း ဆိုးသည်။ အခုဆို စေ့စပ်တဲ့ကိစ္စကြောင့် အငယ့်မှာ စိတ်သောက အပြည့်။ အကယ်၍ ခင်မဒီ နိုင်ငံခြားထွက်မယ့်ကိစ္စသာ မအောင်မြင်ဘူးဆိုရင် အငယ် အဆင်ပြေဖို့အတွက် ကံလင်းရောင်မှာ ရွေးချယ်စရာ နည်းလမ်းတစ်ခုသာ ရှိတော့သည်။ ဖိတ်စာမှာ ကံလင်းရောင် ပြောင်းလိုက်ရုံ..၊ ဒါကို တချိန်က ကိုယ့်အပေါ် စိတ်ယိုင်ခဲ့ဖူးတဲ့ ခင်မဒီလည်း သဘောတူမည်ထင်သည်။

7. B.Y.E (Completed)Where stories live. Discover now