Episode - 1

1.2K 90 97
                                    

(Unicode)

*ဆုံးရှုံးခြင်းသာ ရရှိခဲ့ပြီ၊ ဒါကို အမှားအယွင်းတစ်ခုလို့ မထင်ချင်ပါ၊ လမ်းဟောင်းလေးမှာ နှလုံးသားတစ်ခုရဲ့ တီးတိုးငိုသံကြားနိုင်မလား*

ရေဒီယိုကနေ ပျံ့လွင့်လာတဲ့ သီချင်းသံ။ ရန်ကုန်ကို ဦးတည်မောင်းနှင်နေတဲ့ ကားအဖြူလေးထဲမှာ ဒီသီချင်းသံမှတပါး ဆူညံသံ စိုးစိမှ မကြားရ။ ပုံမှန်အချိန်ဆို သံယောင်လိုက်နေလောက်တဲ့သူက ကားနောက်ခန်းထဲမှာ လက်နှစ်ဖက်ကို တင်းတင်းပိုက်၍ မျက်နှာသုန်မှုန်ကာ ထိုင်နေလေတော့ မြင်ရသူအဖို့ ရင်ပူစရာကောင်းလှသည်။

"မင်းဗဟိုတည် ဒီလိုရုပ်ကြီးပဲ လုပ်နေတော့မှာလား"

"...."

"ဟာ မင်းဗဟိုတည်"

"သား၊ အေး ပြောရင် ပြန်ဖြေရမယ်လေ"

ဖခင်ဖြစ်သူ ဦးဘဝင်အေးရဲ့ စကားကို လစ်လျုရှုနေတာမို့ နောက်ဖခင် တစ်ယောက်ကပါ မနေနိုင် မထိုင်နိုင် ဝင်ပါရပြီ။ ဦးဇင်ဦး နောက်မှန်ကနေတဆင့် သားဖြစ်သူကို လှမ်းကြည့်ရင်း သက်ပြင်းခပ်ဖွဖွ ချရသည်။ မန္တလေးကနေ ရန်ကုန် ပြောင်းလာတာကို သားက လက်မခံနိုင်။ တစ်ယောက်တည်းသော သားပီပီ သူငယ်ချင်းတွေကို ခင်တွယ်ရှာလေတော့ အဆောင်မှာထားခဲ့ပါလို့တောင် အတင်းအကြပ် ပူဆာနေခဲ့တာပါ။ သို့ပေမဲ့ အမျိုးသားဖြစ်သူ အေး ရဲ့ သားအပေါ်ထားတဲ့ စိတ်မချမှုတွေကို ဦးဇင်ဦးလည်း မလွန်ဆန်နိုင်။

"သား ဝမ်းနည်းနေတယ်လေ၊ သားကို ဒီနေ့လေးပဲဖြစ်ဖြစ် ဝမ်းနည်းခွင့်လေးပေးပါ့လား၊ သားမှာ သားသူငယ်ချင်းတွေကို ခွဲလာရတာ။ သား အရမ်းဝမ်းနည်းတာပဲ သိလား"

"သားရယ်.. တစ်ရွာမပြောင်း.."

"သူကောင်း မဖြစ်နိုင်ပါဘူး၊ တစ်ရပ်တစ်ရွာမှာ မျက်စိသူငယ်နားသူငယ်နဲ့ သား ဘယ်လိုနေရမှာလဲ၊ သား ကြားဖူးတယ်၊ ရန်ကုန်သားတွေက လည်တယ်တဲ့၊ ကျောင်းမှာ ကျောင်းသားသစ်ဆိုပြီး သားကို နှပ်ချကြရင် သားဘယ်လိုလုပ်ရမှာလဲ"

7. B.Y.E (Completed)Where stories live. Discover now