Episode - 13

612 68 148
                                    

(Unicode)

ဒီကနေ့ မင်းဗဟိုတည်တစ်ယောက် စောစောထသည်။ မိုးလင်းကတည်းက ရေမိုးချိုးပြီး အစွမ်းကုန် တက်ကြွနေသည်။ အလုပ်သင်ရော သင်တန်းပါရှိတာတောင် မျက်နှာလေးက ပြုံးပျော်လို့။ သူ့အဖေတွေကို သီချင်းတောင် ဆိုပြနေလိုက်သေးသည်။

"တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်.."

"နဖူးက ခြေဖျားထိအောင် ချစ်တယ်..."

"ခြေဖျားထိတော့ မချစ်နိုင်ပါဘူး"

"အေးကလည်း feel ပျက်အောင် ပြောပြန်ပြီ"

မကြာသေးမီအချိန်ကပင် တမှိုင်မှိုင်၊ တရှောင်ရှောင် ဖြစ်နေတဲ့ကလေးက လန်းလန်းဆန်းဆန်း ရှိလှတာမို့ မိဘများအတွက် စိတ်အေးစရာပင်။ ကြည့်ရတာ အလုပ်သင်မှာ ပျော်ပုံရ၏။ အဖေဖြစ်သူဦးဇင်ဦးက သူ့သားကို ပြုံးကြည့်ကာ..

"သား အလုပ်မှာ ဘယ်လိုလဲ"

"ဟီး အဆင်ပြေတယ်၊ သား Mentor က သဘောကောင်းတယ်၊ ထမင်းတောင် ကျွေးသေးတယ်"

"သဘောကောင်းတယ်ဆိုတော့ ချောတယ်ပေါ့ ဟုတ်လား"

"အဟွတ် အဟွတ်... အေးကလည်း မချောပါဘူး"

"မသိပါဘူး အလုပ်မှာ အရမ်းပျော်နေပုံပေါ်လို့"

Mentor က မူရှုးကို အသည်းခွဲတဲ့ Crushမှန်း အေး သိသွားရင် မိုးမီးလောင်ကာ ချက်ချင်းထွက်စွာတင်ခိုင်းမှာ သေချာသည်။ ငါးမိနစ်လောက် ထပ်ရပ်နေလိုက်ရင် ဘူးပေါ်သလို ပေါ်ကုန်နိုင်တဲ့အတွက် မသိလိုလို ရောချပြီး မီးဖိုခန်းထဲက ထွက်လာခဲ့လိုက်သည်။ အေးက ပါးနပ်သလို စိတ်တိုလွယ်သည်။ ပြီးတော့ ပါကြီးကလည်း သူ့ယောကျာ်းဆို တားမယ့်သူမဟုတ်။

အေးရဲ့ အမေးအမြန်းတွေကြောင့် ရုံးကို လိုက်ပို့ခိုင်းရတာတောင် မူရှုး စိတ်မလုံ။ ဟိုတစ်ယောက်နဲ့ ထိပ်တိုက်တွေ့ရင် အေး ရိပ်မိနိုင်တယ်မလား။ မင်းဗဟိုတည်ကလည်း မင်းဗဟိုတည်ပါပဲ။ သူငယ်ချင်းတွေနဲ့ အတူသွားရင်ရတာကို ကြိုးစားလိုဇောနဲ့ ရုံးကို တစ်နာရီမက စောသွားသည်။

"သား မပျော်ရင် အေးကို ချက်ချင်းဖုန်းဆက်ခေါ်၊ ကြားလား"

"အေး သား မူကြိုသွားတာမဟုတ်ဘူးလေ"

7. B.Y.E (Completed)Where stories live. Discover now