You are My Everything

625 53 36
                                    

(Unicode)

အိမ်ထောင်..။ အိမ်ထောင်ဆိုတာဘာလဲ။ မင်းဗဟိုတည်ကို လာမေးရင် "ဟင့်အင်း.. မသိဘူးလေ" လို့ ခေါင်းလေးတစ်ခါခါဖြင့်သာ ပြန်ဖြေပါလိမ့်မည်။ အများအဆိုအတိုင်း အိမ်မှာထောင်ကျသလို နေရသည့် အဖြစ်မျိုးများလား။ ဒါဆို မင်းဗဟိုတည်ရော တကယ်အိမ်ထောင်ကျပြီလား။

"ကျတော့ကျပေမဲ့ မကျသေးဘူးလို့လည်း ထင်တာပဲ"

ဖြေပုံကိုက မတင်မကျနဲ့။ အချက်ကျကျ ဖြေဆိုပြပါ့လားလို့ တောင်းဆိုကြည့်ကြမလား။ ဒါဆို မင်းဗဟိုတည် မရေရာရခြင်းအကြောင်းအရင်းကို နားလည်ကောင်းနားလည်နိုင်သည်။

နာမည်က မင်းဗဟိုတည်။ အသက်က ၁၇နှစ်ပြည့်ပြီးခါစ မနူးမနပ်အရွယ်။ ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်ထားပြီး မကြာခင် စီးပွားရေးတက္ကသိုလ် တက်ရောက်တော့မည် ဖြစ်သည်။ ဆံနွယ်အုပ်သိုင်းသိုင်းလေးနဲ့ မျက်နှာနုနုထွဋ်ထွဋ်လေးမို့..

"ဟယ် ကလေးလေးက ချစ်စရာလေး"

သွားမလုပ်လိုက်လေနှင့်။ ထိုကလေးလေးမှာ လင်ကြီးငုတ်တုတ်ရှိသည်။ သူ့အမျိုးသားနာမည်က ဥာဏ်လင်းရောင်တဲ့။ အဘက်ဘက်က ပြည့်စုံနေတဲ့ အမျိုးသားကောင်းကြီးပေါ့။ ရူပါရော၊ ရေပါလျှံသည့်အတွက် မြင်လိုက်သူတိုင်း ကြွေဆင်းသွားရမယ့် အမျိုးသားကောင်းမျိုး..။ 30 နားကပ်နေပြီဖြစ်တဲ့ အဆင်ကြီးက အကောင်ငယ်လေးကို လက်ထပ်ယူထားတယ်ဆိုတာ ဘယ်သူယုံမှာလဲ။

"အစ်မ အစ်မ မယုံတဲ့သူတွေကို ကျွန်တော် ဂရုမစိုက်ဘူးခင်ဗျ၊ ကိုဥာဏ် ကျွန်တော့်ကို ချစ်ရင်ပြီးရော"

မင်းဗဟိုတည် စိတ်မရှည်တော့ပါ။ သူမစွံတိုင်း သူများအိမ်ထောင်ရေးကို ဖောက်သည်ချရတယ်လို့။ ကိုယ့်အကြောင်းကိုဆက်ပြောရမယ်ဆိုရင် နှစ်ဖက်မိဘ သဘောတူညီမှုနဲ့ မင်းဗဟိုတည်တို့ လက်ထပ်ခဲ့ကြတာ 7လ ကျော်ပြီ။ အိမ်ထောင်ကျလိုက်ပြီးနောက် နေ့ညမခွဲအမြဲအတူရှိကြသည်။ ကြာလာလေလေ ကိုဥာဏ်လင်းရောင်ဆိုတာ မင်းဗဟိုတည်ရဲ့ အမျိုးသားလား၊ ခေါင်းကိုင်ဖခင်လားဆိုတာ မသဲကွဲချင်တော့။ နိစ္စဓူဝကိစ္စများကို ပြောပြရရင်တော့ဖြင့်..

7. B.Y.E (Completed)Where stories live. Discover now