Episode- 17

681 77 236
                                    

(Unicode)

1 Month before BYE...

"မူရှူး! မူရှူး!"

"မူရှူး!"

ထည်ဝါနဲ့ စျာန်လင်းရောင်တို့ရဲ့ ခေါ်သံကိုကြားသည်။ မူရှူး ကျလက်စ မျက်ရည်များကို ကဗျာကယာ ဖယ်သုတ်လိုက်မိသည်။

"ငါ ဒီမှာ"

တင်းနစ်ကွင်းထဲမှာ မူရှုး တစ်ယောက်တည်း ထိုင်ငိုနေတာ။ သူငယ်ချင်းများက မူရှူး အနားကို ပြေးလာကြသည်။ ဖြစ်စဥ်က ဒီမနက်က စသည်။

"ညီလေးတို့! အရေးပေါ်!"

မူရှူးတို့ သုံးယောက်စုထိုင်နေကြတုန်း ကိုကြီးခန့်ညား အူယားဖားယား ပြေးလာသည်။ ဟန်ပန်နဲ့ လေသံကို ထောက်ရင် တစ်ခုခု ခိုင်းမလို့ပဲ။ ရှင်းရှင်းပြောပြရင် ကိုကြီးခန့်ညားက ရုပ်ကလေးရှိသလောက် ပြာကလက်စိန်။ အထူးသဖြင့် ယောကျာ်းရပြီးနောက်ပိုင်း ဂဏာကိုမငြိမ်။ ညားပြီးတာတောင် ကိုဒဲကို စိတ်မချရှာ။ အခုလည်း ဒဲရောဂါ ထနေသည်။

"ညီလေးတို့၃ယောက်ကို ကိုကြီးကို ကူညီစရာ ရှိတယ်"

"ဘာကြီးလဲ၊ အလကားလုပ်မပေးဘူးနော်၊ သားတို့က စျေးကြီးတယ်"

"မင်းတို့ယောက်ရီးကို လိုက်ကပ်နေတဲ့ကောင်ရှိတယ်၊ လာခဲ့ရင် တားပေးကြ၊ ဒီမှာဓါတ်ပုံ"

ကိုကြီးခန့်ညား ပေးလာတဲ့ ဓါတ်ပုံထဲက အစ်ကိုကြီးက တည်တည်ငြိမ်ငြိမ်နဲ့ သဘောကောင်းမယ့်ပုံ။ ဒါပေမဲ့ သူက သူများလင်မယား အေးချမ်းသာယာနေတာကို ဖျက်စီးချင်တဲ့ အရံလူ..။ ဒီတော့ မူရှူးတို့သုံးယောက်လည်း ရှင်းဒဲ အိမ်ထောင်ရေးကို စောင့်ရှောက်သော နတ်သားလေးများ တာဝန်ယူကြသည်။ ကိုကြီးခန့်ညားက စကားပြောစက်တစ်လုံးစီဝယ်ပေးသည်။

ထိုနေ့ပွဲက ထည်ဝါ့မိဘနှစ်ပါးရဲ့ မင်္ဂလာနှစ်ပတ်လည်။ ရှင်းစံအိမ်တော်က ဥယျာဥ်ထဲမှာ ခမ်းခမ်းနားနား ကျင်းပဖြစ်တာမို့ သခင်လေးထည်ဝါကို ပွဲထဲမှာ နေစေသည်။ စျာန်လင်းရောင်ကျလည်း တစ်ယောက်တည်း အားငယ်မှာစိုးပြီး မူရှူးကပဲ အနစ်နာခံကာ ကားပါကင်မှာ ကင်းစောင့်ပေးရသည်။

အခုတစ်လော အရိုလွန်နေတဲ့ ကိုကြီးခန့်ညားက ကိုဒဲကို စပရိုက်ရော၊ ကိုလာပါ တိုက်နေတာကြောင့် ပွဲဘက်ကနေ အုတ်အုတ်ကျွတ်ကျွတ် အသံတွေ ကြားနေရသည်။ ဒါကို အချိန်နဲ့တပြေးတည် သတင်းပို့နေသူလည်းရှိသည်။

7. B.Y.E (Completed)Where stories live. Discover now