Episode - 5

657 72 131
                                    

(Unicode)

"မင်းဗဟိုတည်ရေ နောက်ကျတော့မယ်ဟေ့"

"လာပြီ လာပြီ"

"စာမေးပွဲ ဖြေမယ့်သူတဲ့၊ သနေတာ မပြီးနိုင်ဘူး၊ အစ်ကိုရေ အစ်ကို့သား တက္ကသိုလ် ရောက်လို့ကတော့ ကျွန်တော် ထိန်းနိုင်မယ်မထင်ဘူး"

သားအကြောင်း ဖောက်သည်ချနေတဲ့ အမျိုးသားလေးကို ဦးဇင်ဦး ပြုံးရင်း တစိမ့်စိမ့်ကြည့်မိ၏။ ဆိုင်ပြင်တာက တဖက်၊ သား စာမေးပွဲက တဖက်နဲ့မို့ မျက်နှာလေး ချောင်ကျသွားပေမဲ့ အကြည်ဓာတ်လေးက မပျက်။ ဒီကြားထဲ အားတာနဲ့ ဆေးခန်းကို အပြေးကလေး လာတွေ့တတ်သေးသည်။ ဘဝင်အေး ဆိုသူလေးက ဦးဇင်ဦးအတွက် ဘဝဖြစ်တည်ရာ။

"အစ်ကို ဘာလို့စိုက်ကြည့်နေတာလဲ၊ အစ်ကိုပါ အဆူခံချင်လို့လား"

"အေးက ချစ်စရာလေးမို့"

"အစ်ကို.. သား ကြားမယ်၊ ဘယ်လိုဖြစ်နေတာလဲ"

"သုံးဘီးလေးက ဒါမျိုးတွေ ရိုးနေပါပြီ အဟမ်း"

အမျိုးသားဖြစ်သူအနား တိုးကပ်သွားချိန်တောင် မရလိုက်။ သားက ပြုံးစစ မျက်နှာထားနဲ့ အသံပစ်ဝင်လာပြီမို့ ကြင်နာခြင်းတွေအစား အေးရဲ့ မျက်စောင်းတချက်ကိုသာ ရလိုက်သည်။ သားကတော့ ထုံးစံအတိုင်း သူ့အဖေ ဆက်မဆူအောင် ကပ်ချွဲနေတော့သည်။

"သားက စာပြန်ကြည့်နေလို့ပါ အေးရဲ့"

"အခုမှ စာကို အသည်းအသန်တွေ ဖြစ်နေတယ်"

"ကျောင်းသားပဲ စာကြိုးစားရမှာပေါ့၊ နော့ ပါကြီး"

သားမျက်နှာကို မြင်တာနဲ့ အေးလည်း ဆက်မဆူရက်ဘဲ သူ့သားဆံပင်ခပ်ပွပွကို ပြင်ဆင်ပေးသည်။ နှာတံလုံးလုံး၊ ပါးမို့မို့လေးနဲ့ သားက တစ်နေ့တစ်ခြား ချစ်ဖို့ကောင်းလာတာများ သုံးနှစ်သားလေး အလား။ ဆူမယ် ကြံလိုက်တိုင်း ဒီမျက်နှာငယ်လေးကို မြင်ပြီး အချစ်ပိုရသည်။ အခုဆို ကိုးတန်းသာ ပြီးတော့မည်၊ အစစ အရာရာ စိတ်ပူနေရဆဲ။

"ကဲ သွားကြမယ်၊ စာမေးပွဲဖြေမယ့်နေ့ကို စောစောရောက်တာ ပိုကောင်းတယ်"

"မြန်မာစာဆို သားက အေးဆေး"

"စာမေးပွဲခန်း တွေ့အောင်ရှာပါဦး၊ သွားကြစို့"

7. B.Y.E (Completed)Where stories live. Discover now