Episode - 16

639 66 153
                                    

(Unicode)

"အဲ့တော့ ကိုငယ်က ဘာပြန်ပြောလဲ"

"အဲ့တာပဲလေ၊ မနက်စာစားပြီး မင်းတို့အိမ် လိုက်ပို့ပေးသွားတာပဲ"

ရေကူးကန်ဘောင်ဘေးမှာ သုံးယောက်စုထိုင်ကာ အချစ်ရေးကိစ္စကို ပြန်လည်ဖောက်သည်ချနေခြင်းဖြစ်သည်။ မူရှုး ပြောသင့်သလောက် ပြောလိုက်ပေမဲ့ ကိုဥာဏ်ကတော့ တစ်ခွန်းတည်းပဲ တုံးတိပြောချသွားတာ။ စိတ်ဆိုးပြေသလား၊ မပြေဘူးလားတောင် သေချာမသိရ။ မူရှုးတစ်ယောက် မေးဖျားကိုလက်ထောက်ရင်း ဆွေးဆွေးတေးတေး..။ စျာန်လင်းရောင် အားမရတော့ဘဲ တချက်ပိတ်ရိုက်လိုက်ကာ..

"မင်းက ဥာဏ်ကိုတုံးတယ်၊ ခြေထောက်မှားပေးစရာလား၊ ဒီလောက်လေးတောင် မဖျားယောင်းတတ်ဘူးလား"

"ငါလည်း ကြောင်သွားတာပေါ့၊ ပြီးတော့ ရှင်းအောင်ပြောမယ်၊ မင်းအစ်ကိုကပဲ ငါ့ကိုဖျားယောင်းနေတာ"

"ထည်ဝါ မင်း မူရှုးကို နည်းနည်းပါးပါးလေး အကြံမပေးတော့ဘူးလား.."

"ငါ စဥ်းစားနေတာ"

ခုရက်ပိုင်း ထည်ဝါ့မှာ စဥ်းစားစရာတွေများသည်။ အိမ်ကအစ်ကိုနဲ့သူ့ယောကျာ်းရဲ့ ပတ်သတ်မှုကိုလည်း သိပ်မသင်္ကာ။ ဘာပဲဖြစ်ဖြစ် သူတို့ကညားပြီးပြီမို့ သိပ်စိတ်မပူရ။ စိတ်ပူရတာက ဂျိုပေါက်နေတဲ့ ဘေးကကောင်။ ပြောတော့သာ မေ့ပစ်မယ်လေး ဘာလေးနဲ့ ဟိုဘက်က ထစ်ခနဲဆို သူ့ခမျှာ မျက်ရည်နဲ့မျက်ခွက်။ မူရှုးတစ်ယောက်ပဲ အသည်းအသန်ဖြစ်နေတာလား၊ ကိုငယ်ကရော အတွင်းထဲလှိုက်စားနေသလားဆိုတာကို ထည်ဝါ ရှင်းရှင်းလင်းလင်း သိချင်မိသည်။ ဒါပေမဲ့ ခေါ်တာနဲ့ ပြန်လာမယ် ပြောတဲ့အဆင့်ဆိုရင်... မူရှုးကို ကိုဥာဏ်ကလည်း..

"ဘာကို စဥ်းစားတာလဲ"

"မင်းရော ငါရော Memory Card ပျောက်တဲ့အကြောင်း"

ဟုတ်တယ်၊ အလှုပွဲတုန်းက ထည်ဝါကိုင်တဲ့ ကင်မရာထဲက memory card ရော၊ မင်္ဂလာဆောင်မှာ စျာန်လင်းရောင်ကိုင်တဲ့ ကင်မရာထဲက memory card ပါ ပျောက်ချင်းမလှပျောက်သွားခဲ့တာ။ သူခိုးမှန်ရင် ကင်မရာမခိုးဘဲ ဘာလို့ memory card ပဲ ရွေးခိုးရတာလဲ။ လူတွေ၊ အခမ်းအနားတွေ ပြောင်းလဲသွားပေမဲ့ ကင်မရာထဲမှာ ပင်တိုင်ဖြီးနေတာ တစ်ယောက်ပဲရှိသည်။ အဲ့တစ်ယောက်နဲ့ ပတ်သတ်သူကလည်း နှစ်ပွဲစလုံးကို တက်သည်။

7. B.Y.E (Completed)Where stories live. Discover now