~Min Baho Ti~

536 69 21
                                    

(Unicode)

'သန့်စင်ကြယ် ငိုမနေနဲ့ နားငြီးတယ်'

'မင်း ပါးစပ်ကို ပိတ်ထားစမ်း သန့်စင်ကြယ်၊ မင်းကြောင့် ဒီလိုဖြစ်နေတာကို နားလည်စမ်း'

နေ့စဥ်ရက်ဆက် ဒီအိပ်မက်ဆိုးကနေ ငါ နိုးထလာရတယ်။ ငါ့နာမည်က သန့်စင်ကြယ်။ သူတို့လွတ်လပ်ခွင့်ကို ချုပ်နှောင်မိတဲ့ သံဆူးကြိုးအနေနဲ့ ငါ မွေးဖွားလာခဲ့တယ်။ ငါက သူတို့ အလိုမရှိတဲ့ ကလေးတစ်ယောက်ပဲ။

'မင်း ကို ငါ သတ်မိတော့မယ်'

'ရှင် သတ်လိုက်လေ သတ်လိုက်စမ်းပါ!'

ရန်ဖြစ်တာတွေ ငါ မကြိုက်ဘူး။ ဒီအသံတွေကို ငါ ကြားပေမဲ့ မတွန်းလှန်နိုင်ဘူး။ ငါ့အသက်ရှုသံတောင် မကြားလိုတဲ့ လူတွေကြားမှာ ငါ့အတွက် တားပိုင်ခွင့် မပြောနဲ့၊ ရှင်သန်ပိုင်ခွင့်တောင် အကန့်အသတ်နဲ့။ ငါ့နာမည်က သန့်စင်ကြယ်၊ ဒီအိပ်မက်ဆိုးက နိုးလာတိုင်း ငါ့ကိုယ်ငါ သန့်စင်ကြယ်ဆိုတာ သတိရစေပြီး ငါ့စကားတွေကို အသက်မဲ့သွားစေတယ်။

ပုံမှန်လူတစ်ယောက် သိပ်ဖြစ်ချင်တာပဲ...

*****

အဖေနဲ့အမေက ဥာဏ်လင်းရောင်ဆိုတဲ့ ဘဝသစ်တစ်ခုကို ပေးတယ်၊ မေတ္တာပေးတယ်။ ကိုကြီးက ငါ့အတွက် စိုးရိမ်ပေးတယ်။ ညီလေးက ငါ့ကို အားကိုးတယ်။ ဒီမိသားစုကြောင့် ငါ အသက်ရှင်ဖြစ်တယ်။ သူတို့အားလုံးက ငါ့ရဲ့ကျေးဇူးရှင်တွေပဲ။ သူတို့ လိုအပ်တာမှန်သမျှကို ဖြည့်စည်းပေးဖို့ ငါ အသင့်ရှိရမယ်။

အဖေက ငါ့အပြုံးကို မြင်ချင်တယ်။ ပျက်စီးနေတဲ့ အတွင်းစိတ်ကို ငါ ဖုံးပြီး လူကောင်းပကတိ ဖြစ်ဟန်ဆောင်ထားတယ်။ တစ်ယောက်ကဆရာဝန် တစ်ယောက်ကအင်ဂျင်နီယာဆို သိပ်ကောင်းမယ်လို့ အမေ ရေရွတ်ဖူးတယ်။ အဲ့တာကြောင့် ငါ အင်ဂျင်နီယာ တစ်ယောက် ဖြစ်လာခဲ့တယ်။

ကိုကြီးရှေ့မှာ သန်မာပြရမယ်၊ ညီလေးကို ကာကွယ်ရမယ်။ တစ်နေ့တာ ကုန်ဆုံးသွားလို့ မှန်ရှေ့ရောက်တဲ့အခါ နောက်တစ်ရက်ထပ်ရှင်သန်ဖို့ အားယူနေရတဲ့ သန့်စင်ကြယ်ကို ပြန်တွေ့ရလိမ့်မယ်။

7. B.Y.E (Completed)Where stories live. Discover now