Final Episode - 21

966 71 202
                                    

(Unicode)

"အားလုံးကို ပြောချင်တာက တကယ်ချစ်ရင် သတ္တိရှိကြဖို့ပါပဲ။ ကျွန်တော့် Crush က ကျွန်တော့်ကို ပြန်ချစ်ခဲ့တဲ့အတွက် နောက်ဆုံးမှာ ရွှေလက်တွဲနိုင်ခဲ့ပါတယ်"

"ဆယ်တန်းအောင်စာရင်းတောင် မထွက်သေးဘဲ မင်္ဂလာဆောင်သွားတဲ့ ခံစားချက်လေး ဝေမျှပေးပါဦး အစ်ကို.."

"ဘယ်လိုပြောရမလဲ.. feeling so high ပေါ့နော်"

စျာန်လင်းရောင်က မေးသည်၊ မင်းဗဟိုတည်က ဖြေသည်။ ‌ဗီဒီယိုမှတ်တမ်းတင်နေရင်း အပြန်အလှန် စနောက်နေကြခြင်းဖြစ်သည်။ စျာန်လင်းရောင်က အပြာလွင်လွင်ဝတ်ဆင်ထားသည်၊ ဦးထုတ်လေးကိုလည်း ချစ်စရာကောင်းအောင် ဆောင်းထားသေးသည်။ မင်းဗဟိုတည်ကတော့ ဒီကနေ့အတွက် ချစ်စရာကောင်းခြင်းထက် ကျက်သရေရှိခြင်းဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားသည်။

အဖြူရောင်ဝမ်းဆတ် လွှလွှကို ပေါ့ပေါ့ပါးပါး ဝတ်စားဆင်ယင်ထားကာ လည်တိုင်က မြကျောက်ဆွဲကြိုးလေးကို ထင်သာမြင်သာရှိအောင် ထုတ်ဆွဲပြထားသည်။ ဆံပင်ခပ်ဝဲဝဲလေးကိုလည်း ပုံသွင်းထားခြင်းမရှိဘဲ လေတိုက်တိုင်း ဝေ့စေတာမို့ တချက်ကြည့်လိုက်ရုံနဲ့တင် အေးချမ်းခြင်း အသွင်ဆောင်၏။ အပျော်ဆုံးအခိုက်အတန့်ဖြစ်သည့်အတွက် နှုတ်ခမ်းဖူးလေးက ကော့ညွှတ်နေသည်။ စိတ်လှုပ်ရှားနေပုံရသည်..၊ မျက်လုံးလေးကလည်း အဝိုင်းသား..။

"စျာန်လင်းရောင် ငါ ဘယ်လိုနေလဲ"

"ငါ့လောက်တော့ မချောပေမဲ့ မဆိုးပါဘူး"

"ငါအတည်မေးနေတာ၊ ငါ ကြောက်တယ်"

"မင်းဘာကိုကြောက်တာလဲ မူရှုးရဲ့၊ အားလုံးက မင်းဘက်မှာ၊ ဒီအချိန်က မင်းကြောက်နေရမှာမဟုတ်ဘူး။ ပျော်နေရမှာ"

"အင်း မင်းပျော်တာမှန်တယ်။ ငါ့အိပ်မက်တွေ တကယ်ဖြစ်လာပြီ။ ငါ ပျော်ရမယ်၊ ပျော်တယ်"

ကိုယ့်ကိုကိုယ် အားအင်ပေးနေတဲ့ မူရှုးလို ဒွိဟဖြစ်နေသူ တစ်ယောက်ရှိသေးသည်။ ကင်မရာကိုတောင် ဆက်မကိုင်နိုင်ဘဲ မူရှုးရဲ့ပခုံးကို နှစ်ချက်လာပုတ်သည်။ စျာန်လင်းရောင်ရဲ့မျက်နှာက ခပ်ဆွေးဆွေး..။

7. B.Y.E (Completed)Where stories live. Discover now