Episode - 11

609 69 120
                                    

(Unicode)

အတိတ်ကို နောက်ကြောင်းပြန်ရမယ်ဆိုရင် အငယ် စရောက်တဲ့နေ့၊ မိုးတွေ သည်းသည်းထန်ထန်ရွာချတဲ့ အဲ့ဒီနေ့ကို ကံလင်းရောင် အခုထိ မှတ်မိနေသေးသည်။

ပေါက်စတောင် မမွေးသေးပါ။ ကံလင်းရောင် ဆယ့်ခြောက်နှစ်အရွယ် ကျောင်းကနေအပြန် မိုးမိပြီး အိမ်ကို တုပ်တုပ်ရွှဲအနေအထားနဲ့ ပြန်ရောက်လာခဲ့သည်။ လူက ခိုက်ခိုက်တုန်နေပြီမို့ အိမ်ထဲကို ပြေးဝင်ခိုက်...

"သား အခုကစပြီး ဒါ သားအိမ်ပဲ၊ ဦးက အဖေ၊ အန်တီက အမေနော်"

အဖေနဲ့အမေရဲ့ကြားမှာ ကိုယ်ကလေးကျုံ့ကာ ထိုင်နေတဲ့အငယ်..။ ဆယ်နှစ်ကျော် ရှိပြီဖြစ်တဲ့အငယ့်ကို ရှစ်နှစ်သား သာသာ ထင်ခဲ့သေးတာ။ အငယ်က အဖေတို့ ပြောသမျှကို အသံတိတ် နားထောင်သည်။ တုံ့ပြန်မှူလည်းမရှိသလို ရီပြုံးချင်လည်းမရှိ။ မျက်လုံးတွေကလည်း မိုးမိလို့ ခိုက်ခိုက်တုန်နေတဲ့ ကံလင်းရောင်ထက်တောင် အသက်မဲ့နေသေးသည်။

"သားကြီး ပြန်လာပြီပဲ၊ မိုးမိလာတာကိုး"

"ဟုတ် အမေ"

"သွား အဝတ်လဲ၊ အမေ ခေါင်းသုတ်ပေးမယ်"

အကြောင်းပြချက်ရှာကာ ကံလင်းရောင်အနားကို ရောက်လာတဲ့ အမေ့ရဲ့အကြည့်တွေကို နားလည်သည်။ အဖေ ပြောပုံအရဆို ကလေးတစ်ယောက် မွေးစားတော့မည်ပေါ့။ အကူအညီလိုနေတဲ့ ကလေးတစ်ယောက်ကို ကယ်တင်တဲ့လုပ်ရပ်ဖြစ်တာမို့ ကံလင်းရောင် ကန့်ကွက်စရာမရှိခဲ့။ အငယ့်အပေါ် ဂယကရုဏာထားဖြစ်ခဲ့တဲ့ ပထဆုံးအကြောင်းအရင်းက..

"သား အမေ့ငယ်သူငယ်ချင်း အန်တီမနောဖြူ ကို ကြားဖူးတယ်မလား"

"ကြားဖူးတယ်လေ၊ အမေ တစ်ခါပြောဖူးတယ်"

"အဲ့တာ အန်တီမနောဖြူရဲ့သားလေး သန့်စင်ကြယ်တဲ့၊ အမေတို့ မွေးစားမလို့"

"ရတယ်လေ အမေ၊ ကလေးမိဘတွေ ဆုံးသွားလို့လား"

ခေါင်းသုတ်ရင်း သာမာန်ကာလျှံကာ မေးလိုက်မိတဲ့ မေးခွန်းတစ်ခုက ကံလင်းရောင်ကို ရပ်တန့်သွားစေခဲ့တာ။

"မနောက မနေ့ညကတင် အိပ်ဆေးအလွန်အကျွံသောက်ပြီး ဆုံးသွားတယ် သား၊ သန့်စင်ကြယ်လေး မြင်ခဲ့တာ"

7. B.Y.E (Completed)Where stories live. Discover now