Episode - 10

582 72 127
                                    

(Unicode)

ယနေ့ ရန်ကုန်မြို့၏ ကောင်ကင်ကြီးတစ်ခုလုံးက တိမ်လိပ်တိမ်မဲများဖြင့် အုံ့ဆိုင်းနေသည်။ မစို့မပို့တိုက်လာတဲ့လေက လေပူသက်သက်သာမို့ မြန်မြန်ဆန်ဆန် ရွာချလိုက်စေချင်သူများက မနည်းမနော။ သို့ပေမဲ့ ဒီအထဲမှာ ရှင်းခန့်ညားမောင်တော့ မပါ။ ကောင်းကင်ကိုကြည့်လိုက်၊ လမ်းမကို ကြည့်လိုက်နဲ့ ကားပေါ်မှာတစ်ယောက်တည်း မြည်တွန်တောက်တီးနေသည်။

"မင်းတို့ကလည်း ဟိုကောင်လိုပဲနော်၊ ဘာလဲအမျိုးတော်တာလား၊ ကြိုပြောမယ်လေး ဘာလေးမရှိဘူး၊ ထီးမယူလာပါဘူးဆို"

တဗြစ်ဗြစ်တောက်တောက်ပြောဆိုရင်း သူငယ်ချင်းဖြစ်သူကို ဆဲရေးနေသေးသည်။ စောစောကတင် ညီတော်မောင် ဖုန်းဆက်ပြောမှ သိလိုက်ရတာက ဥာဏ်လင်းရောင် စေ့စပ်သွားသတဲ့။ ရှင်းခန့်ညားမောင် သူငယ်ချင်းကောင်တွေကို တကယ်နားမလည်။ အတွင်းသိအဆင်းသိ ပေါင်းသင်းကြပေမဲ့ သူတို့လုပ်ချင်တာကို လုပ်ပြီးမှ အသိပေးကြတဲ့ကောင်တွေ။ မနေ့ကတင် သုံးယောက်သား ဆုံဖြစ်ကြပါသေးသည်။ ဒီအကြောင်းကို တစ်ခွန်းမှ မပြောခဲ့တာမို့ ရှင်းခန့်ညား ပိုသတ်ချင်သည်။

"ကောင်းကြတယ်၊ ကောင်းကြတယ်၊ တစ်ကောင်က လက်ထပ်တယ်၊ ဟော လာပြန်ပြီ တစ်ကောင်က စေ့စပ်တယ်၊ ငါ့ကလှည့်ကျရင် တွေ့မယ်"

နှစ်ကောင်စလုံးကို ကျိန်းဝါးရင်း ဥာဏ်လင်းရောင်တို့အိမ် မျက်စောင်းထိုးမှာ ကားရပ်ခဲ့ကာ လမ်းဆင်းလျှောက်လာခဲ့သည်။ လမ်းတဝက်ပိတ်တဲ့အထိ အိမ်ရှေ့မှာ ကားတွေစီတန်းရပ်ထားပုံကလည်း သိပ်အချိုးမကျ။ ဒီ့ထက် ပိုအချိုးမပြေတဲ့ကောင်ရှိသေးတာမို့ ခါးထောက်ကာ ခြံထဲဝင်သွားသော်လည်း...

"အောင်မယ်လေး နာလိုက်တာ"

ပခုံးစောင်းကို တစ်ယောက်ယောက်က ဝင်တိုက်သွားတာ။ အကောင်ခပ်သေးသေးဆိုပေမဲ့ သူ့အရှိန်ကြောင့် ပခုံးတစ်ခုလုံး ထုံတတ်သွားသော်လည်း တောင်းပန်စကား တစ်ခွန်းမှ မကြားရတဲ့အတွက် အမိအရပြေးလိုက်ကာ ကျောပိုးအိတ်ကနေ လှမ်းဆွဲလိုက်တော့မှ..

"ဟင် မူရှုး!"

"တောင်း တောင်းပန်ပါတယ်၊ ကျွန်တော် မမြင်လိုက်လို့"

7. B.Y.E (Completed)Where stories live. Discover now