Episode- 20

622 66 109
                                    

(Unicode)

(NiNi : နီ့ကိုယုံပြီး B.Y.E ကို ဇာတ်သိမ်းထိ လိုက်ခဲ့ကြဖို့ မေတ္တာရပ်ခံပါတယ်နော်။ ရုံးမှာအစည်းအဝေးနဲ့ တိုက်နေလို့ နီ မနက်ခင်းစောစောမှာပဲ တင်ပေးလိုက်ပါတယ်။ ဇာတ်သိမ်းကိုလည်း မကြာခင်တင်ပေးမယ်နော်။ ချစ်ပါတယ်။ 💚💚)

"ကျွန်တော်တို့..ကျွန်တော်တို့ လက်ထပ်ကြမလားဟင်"

မူရှူးကို မော်ကြည့်လာတဲ့ သူ့မျက်ဝန်းများက အရိပ်အယောင် အမျိုးမျိုးကို ပြောင်းလဲသည်။ ပထမဆုံး အံ့သြသည်၊ ဒုတိယက စဥ်းစားသည်၊ နောက်ဆုံးကျ ပြုံးသည်။ ပြီးမှ မူရှုးရဲ့လက်ကလေးကို ကြင်ကြင်နာနာ ဆွဲကိုင်လာသည်။

"မင်းကို စောင့်နေတာ၊ နောက်ထပ် ငါးနှစ်.."

"ငါးနှစ်တွေ ဘာတွေစောင့်စရာမလိုပါဘူး။ ကျွန်တော် ၁၆နှစ်ပြည့်ပြီ။ မိဘတွေ သဘောတူရင် လက်ထပ်လို့ရပြီ"

စနေတာဟုတ်မဟုတ် မျက်နှာကိုစေ့စေ့ကြည့်လာသည်။ သံပတ်ပေးထားတဲ့ ခေါင်းငြိမ့်အရုပ်လေးအလား မူရှုးခေါင်းကို တရစပ်ငြိမ့်ပြလိုက်တာကြောင့် ကိုဥာဏ်တစ်ယောက် မျက်လုံးတွေဝိုင်းစက်သွားကာ နှုတ်ခမ်းဖျားပါ ပွင့်ဟလာပါတော့သည်။

"ဘာဖြစ်လို့လဲ"

"ချစ်လို့လေ"

"မင်းက 16နှစ်"

"အရင်ခေတ်တုန်းကဆို 12နှစ်နဲ့ ယူကြတာ၊ ကျွန်တော်က နောက်ကျနေပြီ"

"မင်းဗဟိုတည်.. အချိန်မတန်သေးဘူး"

"ဘာကို အချိန်မတန်တာလဲ၊ အပြန်အလှန် ချစ်နေတဲ့ဟာကို။ ဘာလဲ.. ကိုဥာဏ်က ကျွန်တော်နဲ့ အတူမနေချင်ဘူးလား၊ ကျွန်တော့်မျက်နှာကို မိုးလင်းမိုးချုပ်မတွေ့ချင်ဘူးလား။ မိုးလင်းလို့ မျက်လုံးပွင့်တာနဲ့ ကျွန်တော့်မျက်နှာလေးကို ကြည့်ပြီး အမောမပြေချင်ဘူးလား"

"ကိုယ်ပြောတာ ဒီသဘောမဟုတ်ဘူး"

"ဘာသဘောလဲ ပြောပါဦး"

"တက္ကသိုလ်တောင် မတက်ရသေးဘူး"

"ဆယ်တန်းအောင်စာရင်း မထွက်သေးတာကို ကျွန်တော် သိပါတယ်။ စိတ်မပူနဲ့၊ ကျွန်တော် အိမ်ထောင်သည်ဘဝနဲ့ ကျောင်းတက်ရဲတယ်"

7. B.Y.E (Completed)Where stories live. Discover now