Final - အချစ်ရယ်...မင်းပါပဲ

4.9K 308 87
                                    

ဆောင်ကြာမြိုင် ကြာကန်ဘေးက တဲလေးထဲတွင် ထိုင်နေရင်း ကြင်ရာတော်ရှောင်းက နှင်းဖွေးနေသော ပတ်ဝန်းကျင်ကို အလွမ်းပြေ ငေးကြည့်နေမိသည်။

ဆယ်ကျော်သက်ဘဝရဲ့ အချိန်တော်တော်များများကို ကုန်ဆုံးခဲ့ရာ ဒီနေရာ...
စိတ်တွေရှုပ်တိုင်း ပြေးထွက်လာတတ်တဲ့ ဒီနေရာ...
အခုတော့ သူက အရင်လို ဒီကို မကြာခဏလာနိုင်တော့မည်မဟုတ်တာကြောင့် လာရောက်နှုတ်ဆက်ခြင်း ဖြစ်လေသည်။

အချစ်ကလေးရဲ့ အနားမှာနေပြီး အချစ်ကလေးကို စိတ်ချမ်းသာအောင် ထားချင်တော့လည်း သူ့မှာ။ တစ်ခုကို လိုချင်တော့ တစ်ခု စွန့်လွှတ်ရတာမျိုးပေါ့လေ။
ကြင်ရာတော်ရှောင်းက သူ့ရွေးချယ်မှုကို ရာနှုန်းပြည့်ကျေနပ်ပါသည်။

"ဒါဆို မောင်ရင်က ဒီကို မလာဖြစ်တော့ဘူးပေါ့"

ဆရာကြီးက နှမြောတသဖြစ်စွာပြော၏။ ရှောင်းကျန့်လည်း အားနာပြုံးဖြင့် ရယ်ကျဲကျဲ လုပ်လိုက်ပြီး...

"ဘုရင့်ကြင်ရာတော်ဘဝကို ရွေးချယ်ခဲ့ပြီးပြီပဲ...။ ဒါတွေက ကျွန်တော်စွန့်လွှတ်ရမယ့် အရာတွေလေ..."

ရှောင်းကျန့်ရဲ့အပြောမှာ ဆရာကြီးက သက်ပြင်းချလေသည်။

"မောင်ရင် ကျေနပ်ရင် ပြီးတာပါပဲ။ ဆရာတော့ အံ့ဩမိတယ်။ မောင်ရင့်လို လွတ်လပ်မှုကို နှစ်သက်တဲ့လူက ဒီလိုမျိုးဆုံးဖြတ်ချက်ကို ချမယ်လို့ မထင်ထားဘူး"

"ဒါကတော့...သူကလွဲပြီး ကျွန်တော့်အတွက် အရေးကြီးတာ ဘာမှမရှိတော့ဘူးလို့ တွေးမိတဲ့အချိန်မှာ ဒီဆုံးဖြတ်ချက်ကို ချဖြစ်တော့တာပဲ ဆရာရယ်။ ကျွန်တော့် ဘဝရဲ့ ကျန်သက်တမ်းတစ်လျှောက်လုံးကို သူ့အနားမှာပဲ သူ့ကိုပျော်အောင်ထားပြီး နေချင်တော့တာလေ..."

​ထိုစကားတွေကို ပြောနေချိန်မှာ ရှောင်းကျန့်သည် သူကိုယ်တိုင်ပင် သတိမထားမိပါပဲ...အနွေးထွေးဆုံး ပြုံးနေမိလေသည်။

ဆရာကြီးက ထိုအပြုံးတွေကို မြင်သော် ရှောင်းကျန့်ရဲ့ ဆုံးဖြတ်ချက်အပေါ် နားလည်သဘောပေါက်သွားရပြီး ခေါင်းတညိတ်ညိတ်ဖြင့်။

အချစ်ရယ်...မင်းပါပဲ [Completed]Where stories live. Discover now