-10-

3.2K 345 46
                                    

ပိုင်လီဟုန်ရိနှင့် မျက်နှာချင်းမဆိုင်ပဲ နေ့ရက်တွေကုန်ဆုံးခဲ့သည်မှာ ဆယ်ရက်မျှပင် ရှိပြီ။ ပိုင်လီဟုန်ရိ သက်သာနေပြီဆိုသည့် သတင်းတွေတော့ သူကြားပါသည်။ သွားတွေ့ချင်သည်။ ဒါပေမယ့် သူ မတွေ့ရဲ။ အနေရခက်သည်ဟု ခံစားရသည်။

မျက်စိရှေ့မှောက် ချစ်ကြောင်းဖွင့်ပြောခံရခြင်း မဟုတ်ပေမယ့် နားနဲ့ဆက်ဆက်ကြားခဲ့သည်မို့ ဘာသိဘာသာ နေလိုက်ဖို့က သိပ်ကို ခက်လွန်းနေသည်။

"ဟင်း..."

ရှုပ်ထွေးနေသည့် စိတ်ကြောင့် သက်ပြင်းရှည်တစ်ခုကို သူချမိသည်။ ထို့နောက် စိတ်ကြည်လင်စေရန် သူ၏ ပန်းချီဆွဲ ကိရိယာတို့ကို ပြင်ဆင်ပြီး ပန်းချီဆွဲဖို့ ဥယျာဉ်ထဲသို့ ထွက်ခဲ့လိုက်တော့သည်။
.
.
.
အမဲလိုက်ပွဲကို ဖျက်သိမ်းခဲ့ရပေမယ့် တရုတ်စကားပန်းတွေကတော့ ပွင့်နေဆဲ။ တစ်မြို့လုံးအနှံ့ အပွင့်တွေလှိုင်နေတဲ့ တရုတ်စကားပင်တွေထဲမှာမှ နန်းတော်ဥယျာဉ်ထဲက အပင်ဟာ အကြီးဆုံးနဲ့ အပွင့်အများဆုံး ဖြစ်လေသည်။

ထိုသို့ လှပစွာပွင့်နေသော တရုတ်စကားပင်၏ ပုံတူကို ရှောင်းကျန့်က သူ၏ ပိတ်ကားပေါ်မှာ မှတ်တမ်းတင်ချင်သည်။ ဥယျာဉ်ထဲတွင် အချိန်ဖြုန်းတာများလာတဲ့ ရှောင်းကျန့်က နှစ်သက်စရာ၊ ပျော်စရာဆိုလို့ များများစားစားမရှိတဲ့ ဒီနန်းတော်ထဲမှာ တရုတ်စကားပင်ကြီးကိုတော့ သဘောကျပါသည်။

ဥယျာဉ်မုခ်ဦးကို ခြေတစ်လှမ်းကျော်ပြီးသည့်နောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရှောင်းကျန့် ကိုယ်ရှိန်သတ်လိုက်ရသည်။ ပိုင်လီဟုန်ရိသည် ဥယျာဉ်ထဲတွင် ရှိနေသည်။ ဥယျာဉ်မုခ်ဦးကို ကျောပေးပြီး သစ်သားထွင်းထိုင်ခုံပေါ်တွင်ထိုင်နေတာကြောင့် သူ့ကိုတော့ မမြင်။

နေကောင်းခါစ ပိုင်လီဟုန်ရိက အဖြူရောင်ခြုံထည်ကို ပုခုံးထက်ဝယ် လွှားခြုံလို့။ ဆံပင်တွေကတော့ ထုံးစံအတိုင်း စုထုံးပြီး ရွှေရောင်ဆံထိုးနဲ့ သိမ်းထားတာကြောင့် အဝေးကကြည့်သော် ခေါင်းလေးက ခပ်လုံးလုံးလေး ဖြစ်နေလေသည်။ ဒါ့အပြင်ဝတ်ရုံကြောင့်ဖြစ်မည်။ ခန္ဓာကိုယ်လေးကလည်း ခပ်လုံးလုံး။

အချစ်ရယ်...မင်းပါပဲ [Completed]Onde as histórias ganham vida. Descobre agora