-4-

2.7K 331 26
                                    

မြို့ထဲက ဈေးလယ်ခေါင်မှာ သူရောက်နေသည်။
မြင်ကွင်းထဲမှာ လူတွေက ပျော်ရွှင်နေကြပြီး ပျားပန်းခပ်လှုပ်ရှားလို့​။

ထိုလူတွေကြားထဲမှာ သူ လူတစ်ယောက်ကို ရှာနေမိသည်။ သိပ်တွေ့ချင်လွန်းသည့် လူတစ်ယောက်။ တွေ့ချင်လွန်းလို့ ရင်ဘတ်တွေ အောင့်လာရတဲ့အထိ နာကျင်စေတဲ့ လူတစ်ယောက်။ တွေ့ချင်လွန်းလို့ အသက်ရှူမဝသည်အထိ ဖြစ်ရသည့် လူတစ်ယောက်။

လူတွေကြား တွန်းတိုက်သွားနေတုန်း သိပ်ကို ရင်းနှီးနေသည့် ရယ်သံလေးကို ကြားလိုက်ရသည်။ ဟော...တွေ့ပါပြီ​။ တစ်ချိန်လုံး သူရှာနေခဲ့သည့် လူဆိုတာ တကယ်တော့ ကလေးတစ်ယောက်သာ ဖြစ်သည်။ အဲ့ဒီကလေးက သူတွဲထားတဲ့ လက်ကို လွတ်ပြီး ရုပ်သေးပြပွဲကို သွားမော့နေတာပဲ။

သူ အဲ့ကလေးလေးကို မခေါ်ရသေးခင်မှာပဲ ကလေးလေးက သူ့ဘက်ကို လှည့်ကြည့်လာသည်။ ပြီးတော့ သူ့ကို ခေါ်သည်။

"ကိုကို"တဲ့။

ရင်ထဲ စိမ့်စမ်းရေအေးလေး ဖြတ်ပြေးသွားသလိုပါပဲ။

"ကိုကို လာ...မြန်မြန်"

ကလေးလေးက သူ့ကို လက်ယက်ခေါ်နေတာမို့ သူအမြန်ပြေးသွားဖို့ ပြင်သည်။ အဲ့အချိန်မှာပဲ...

"ပုန်ကန်သူတွေ မြို့ထဲရောက်လာပြီ ပြေးကြ" ဆိုသည့် တစ်ယောက်တစ်ပေါက်အော်သံနဲ့အတူ လူတွေ ရုန်းဆန်ခတ်ဖြစ်ကုန်ကြသည်​။

တချို့က အော်ဟစ်ကုန်သည်။ တချို့တွေ ပြေးကြသည်။ ကလေးတွေ ငိုသည်။ သူ့ကလေးလေးကရော... ခုနက ရုပ်သေးပွဲကြည့်ပြီး ပျော်နေတဲ့ သူ့ကလေးလေးကရော...။

ရှောင်းကျန့် ဇောချွေးတွေပြန်လာရသည်။

"ကိုကို...ကိုကို...ကိုကို့ကို မထားခဲ့ပါနဲ့... နေခဲ့ချင်တယ်။"

ကလေးလေးကို ရှာနေတုန်းမှာပဲ ကြားလိုက်ရတဲ့ ကလေးလေးရဲ့အသံ။
ရှောင်းကျန့် အသံလာရာကို လှည့်ကြည့်လိုက်တော့ ကလေးလေးကို လူတစ်ယောက်က ထမ်းခေါ်သွားသည်ကို မြင်လိုက်ရလေသည်။ အဲ့ဒီလူနဲ့အတူ ရဲမက်အချို့လည်းပါသည်။ ကလေးလေးကတော့ သူ့ကို ကြည့်ပြီး ငိုနေတုန်း။

အချစ်ရယ်...မင်းပါပဲ [Completed]Where stories live. Discover now