-11-

3.1K 332 51
                                    

"နောက်ယောင်ခံလိုက်သူကို ဖမ်းမိခဲ့ပေမယ့် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားပါတယ်"

ကျစ်!

ယန်က လျှောက်တင်သည်ကို ပိုင်လီဟုန်ရိ စိတ်ရှုပ်စွာ စုတ်သပ်လိုက်သည်။

လျိုမျိုးနွယ်တွေက ဟိုတစ်ခေါက်  စိမ့်အေးရိပ်လုပ်ကြံမှုပြီးသည့် နောက်ပိုင်း ပိုပြီးအတင့်ရဲလာကြသည်။ မြို့ထဲ၌ ပျောက်ကြားစနစ်ဖြင့် လှုပ်ရှားမှုများလည်းခပ်စိပ်စိပ် ဖြစ်လာသည်။ ထို့ကြောင့် ပြန်လည်ပေါ်ပေါက်လာသော လျိုမျိုးနွယ်တို့၏ အင်အားမှာ အတိအကျမသိသော်လည်း လျှော့တွက်လို့မရကြောင်း ခန့်မှန်းနိုင်၏။

လွန်ခဲ့သည့် နှစ်ရက်က သူနှင့်ရှောင်းကျန့် ဝန်ကြီးရှောင်းအိမ်သို့ ရှောင်းမျိုးနွယ်ဘိုးဘွားကန်တော့ပွဲ သွားခဲ့ကြသည်။ အပြန်၌ ပိုင်လီဟုန်ရိတစ်ယောက်ထဲ ဈေးထဲသွားစဉ်က အဖြစ်ကဲ့သို့ နောက်ယောင်ခံလိုက်ရခြင်းမျိုး ကြုံရပြန်​၏။ အခြွေအရံများ ကိုယ်ရံတော်တပ်များနှင့် သွားလျှင် ကိန်းကြီးခမ်းကြီးဖြစ်ပြီး လူအများသတိထားမိမှာ စိုး၍ ယန်တစ်ယောက်ထဲကို ခေါ်သွားခဲ့ရမှ ထိုသို့ ကြုံရခြင်း ဖြစ်လေသည်။

အန္တရာယ်က တဖြည်းဖြည်းချင်း ကိုယ့်အနားရောက်လာသလို ခံစားရ၍ ပိုင်လီဟုန်ရိ ခေါင်းကိုက်ရတော့သည်။

"အရှင် ... ဒါပေမဲ့ ကျွန်တော်တို့ တစ်ခုတော့ သိခဲ့ရပါတယ်"

"ဘာများလဲ"

လျှောက်တင်လာသော ယန်၏ စကားကြောင့် ပိုင်လီဟုန်ရိ သိချင်စိတ် ပြင်းပြသွားရသည်။ ပိုင်လီဟုန်ရိသည် လျိုမျိုးနွယ် ပြဿနာကို အမြန်ဆုံး ဖြေရှင်းချင်နေပြီ။

"လျိုမျိုးနွယ်တွေ တည်နေရာက မြေနီနယ်မြေ ဖြစ်ဖို့များတယ် အရှင်။ ကျွန်တော် အဲ့ဒီနောက်ယောင်ခံလိုက်သူနဲ့ လုံးထွေးသတ်ပုတ်ခဲ့တုန်းက သူ့အင်္ကျီပေါ်က မြေနီမှုန်တွေတွေ့တယ်။ ပြီးတော့ အင်္ကျီက မြေနီနံ့လည်း စွဲနေတယ်။"

အင်း...မြေနီနံ့သည် သိပ်သိသာသော အနံ့ဖြစ်သည်။ သာမန်မြေကြီးနှင့်မတူ။ အနံ့စူးပြီး ခေါင်းကိုက်စေသည်။

အချစ်ရယ်...မင်းပါပဲ [Completed]Where stories live. Discover now