-1-

8.9K 455 55
                                    

နိုင်ငံအတွင်း တစ်နိုင်ငံလုံး အနီရောင်များဖြင့် အလှဆင်ထားကာ တစ်တိုင်းပြည်လုံး ပျော်ရွှင်နေ၏။

ဒီနေ့က သူတို့ အရှင်ဘုရင်၏ မင်္ဂလာပွဲဖြစ်သည်။ သူတို့အရှင်ဘုရင်က သိပ်ကံကောင်းသည်။ ဘဝတစ်လျှောက်လုံး ချစ်မြတ်နိုးခဲ့ရသည့်လူကို လက်ဆက်နိုင်ခဲ့သည်တဲ့။

သူတို့ အရှင်ဘုရင် ချစ်မြတ်နိုးရသူက အမျိုးသားတစ်ဦးဖြစ်သည်။ သို့ပေမယ့် ဒါကို နန်းတော်တွင်းရှိအမှုထမ်းတွေရော ပြည်သူပြည်သားတွေကပါ တစ်ယောက်မှ နှာခေါင်းမရှုံ့ကြ။ သူတို့က သူတို့အရှင်ဘုရင်ကို သေချာမမြင်ဖူးပေမယ့် သိပ်ချစ်ကြသည်လေ။ ဒါကြောင့် သူတို့ အရှင်ဘုရင်သာ ပျော်မည်ဆိုလျှင် သူတို့အတွက်ပြဿနာမရှိ။

ပြီးတော့ သူတို့ အရှင်ဘုရင်ရဲ့ အမျိုးသားကြင်ရာတော်က ယဉ်ကျေးမှုဝန်ကြီးရှောင်းအိမ်က တစ်ဦးတည်းသော သားဖြစ်လေသည်။ အဲ့ဒီတော့ ပို၍ ကန့်ကွက်စရာ မရှိခဲ့ပေ။

သူတို့အရှင်ဘုရင်၏ လက်ထပ်ပွဲကို သူတို့တောင် အဲ့ဒီလောက်ပျော်နေလျှင် သူတို့အရှင်ဘုရင်ကတော့ ပြောဖွယ်ရာမရှိအောင် ကြည်နူးနေလိမ့်မည်ဟု ယုံကြည်နေကြလေသည်။

--------------

နန်းတော်တွင်...

အနီရောင်မင်္ဂလာဝတ်ရုံကိုယ်စီဖြင့် သတို့သားနှစ်ဦး မင်္ဂလာသေရည်သောက်နေကြသည်။

ပွဲလာပရိသတ်များက အနှီမင်္ဂလာစုံတွဲကို ကြည့်ကာ ကြည်နူးနေသလောက် ကာယကံရှင်တို့မှာ တစ်ယောက်ကတော့ တည်တင်းသော မျက်နှာထားဖြင့်၊ ကျန်တစ်ယောက်ကတော့ မထီသလို ပြုံးမဲ့ရင်း။

နှစ်ဦးသဘောတူ လက်ထပ်ခဲ့သည်ဆိုတာကို ညီလာခံတွင် အရှင်ဘုရင်က သူမြတ်နိုးရသူရဲ့ လက်ကို ကိုင်ဆွဲလို့ ပြောမလာရင် မည်သူမှ ယုံကြမည်မဟုတ်ပေ။

လက်ချင်းယှက်လို့ သေရည်ကိုမော့စဉ် ကြင်ရာတော် နေရာတွင် ထိုင်နေသူက အရှင်ဘုရင်၏ နားသို့ ကပ်ပြီး တိုးသော စကားတစ်ခွန်းကို ပြောလေသည်။

"မင်းရဲ့ ငရဲလိုနေ့ရက်တွေအတွက် ပြင်ဆင်ထားပါ ပိုင်လီဟုန်ရိ"

အချစ်ရယ်...မင်းပါပဲ [Completed]Where stories live. Discover now