-7-

2.6K 331 34
                                    

"အားလန်...ကိုကို အားလန်ကို လက်ဆောင်ပေးစရာရှိတယ်"

"ဟုတ်လား...ကိုကို။ ပေး...ပေး။ ခုပေး"

ပျော်ရွှင်မှုကြောင့် တောက်ပသွားသော မျက်ပေတုံးလေးတွေသည် ကြယ်ကလေးတွေလို တလက်လက်။ ရှောင်းကျန့်က သူ့ရှေ့က ကလေးငယ်ကို စနောက်ကြည့်ချင်သေးသည်။

"ဟော...အဲ့လို လွယ်လွယ်နဲ့ မရဘူးလေ။ အားလန်ရဲ့ လက်ထဲက ချိုချဉ်ကို ကိုကို့ကို အကုန်ကျွေးရမယ်"

ကလေးငယ်က စူပုပ်သွား၏။ နှုတ်ခမ်းဖောင်းဖောင်းလေး ရှေ့သို့ ချွန်ထွက်လာသည်။

"ကိုကိုက အားကြီး လောဘကြီးတာပဲ။ အားလန်ဆီက ချိုချဉ်တွေ အကုန်တောင်းနေတယ်။ ဒီလိုလုပ်ပါလား ကိုကို။ အားလန် တစ်ခုကျွေးမယ်လေ...နော်...ကိုကိုနော်.."

သူ့၏ အင်္ကျီစကို ဆွဲကိုင်လှုပ်ရမ်းရင်း ဈေးဆစ်နေသော ကလေးကို ရှောင်းကျန့် မထိန်းနိုင်တော့။ အူယားလွန်း၍ ကောက်ပွေ့ချီပြီး မွေ့ရမ်း ပစ်လိုက်လေသည်။

ထို့နောက် အားလန်၏ ညာဘက်လက်ကို ဆွဲယူပြီး အနီရောင်ကြိုးဖြင့် ကျစ်ထားသော လက်ကောက်ငယ်ကို ဝတ်ပေးလိုက်သည်။

"ကိုကိုက စတာပါ။ အားလန်ကို လက်ဆောင် အလကားပေးပါ့မယ်။ ကြည့်ပါဦး...မလှဘူးလားဟင်။ ဒါကိုကို ကိုယ်တိုင် လုပ်ထားတာ"

သူပြောပြတော့ ကလေးက ညာဘက်လက်ပေါ်က လက်ကောက်ကို တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ငေးကြည့်လေသည်။ လက်ထဲကိုင်ထားတဲ့ ချိုချဉ်ကိုပင် မေ့လျော့လို့။

"အရမ်းလှတယ် ကိုကို။ အားလန် ကြိုက်တယ်"

အဲ့တုန်းက သူတို့နှစ်ယောက်လုံး အလှဆုံး ပြုံးနေကြသည်။ ပျော်ရွှင်ကြသည်။ အမြဲတမ်း ဒီအတိုင်းလေး အတူတူကြီးပြင်းလာကြမည်ဟု ထင်ခဲ့ကြလေသည်။
.
.
.
ပိုင်လီဟုန်ရိ ခြေထောက်ပြန်ကောင်းသွားသည့်နောပ်တွင် ရှောင်းကျန့်မှာ ပိုင်လီအား ဂရုစိုက်စရာမလိုတော့။ ထို့ကြောင့် သူ၏ အချိန်တော်တော်များ ပြန်၍အားလပ်သွားခဲ့သည်။

ဥယျာဉ်ထဲရှိ သစ်သားထွင်းစားပွဲဝိုင်းပေါ်မှ အရောင်စုံကျစ်ကြိုးလက်ကောက်များကို ကြည့်ရင်း ရှောင်းကျန့်က အတိတ်တွင် တဝဲဝဲလည်လည် ဖြစ်နေသော သူ့စိတ်ကို သူပြန်စုစည်းရသည်။ နေ့လည်ခင်း အားသည့်အချိန်များတွင် ယခင်က စာသင်ပေးခဲ့ရသော ကလေးများအတွက် လက်ဆောင် ရောင်စုံလက်ကောက်များ ကျစ်ပေးနေခြင်း ဖြစ်သည်။ အဝါ အစိမ်း အပြာ ခရမ်း... စုံလှသော အရောင်များတွင် အနီရောင်သာ မပါ။ ရှောင်းကျန့်သည် အနီရောင်ချည်ကြိုးကို အားလန်အတွက်သာ ပေးခဲ့ဖူးပါသည်။

အချစ်ရယ်...မင်းပါပဲ [Completed]Tempat cerita menjadi hidup. Temukan sekarang