-9-

2.7K 335 47
                                    

မလုပ်ချင်တာကို အတင်းအကြပ်လုပ်ရတာကြောင့် ထွက်နေတဲ့ ဒေါသတို့ကို အံတင်းတင်းကြိတ်ပြီး အိပ်ဆောင်ထဲက ထွက်လာတဲ့အခါ အမဲလိုက်ပွဲတော်သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ ပိုင်လီဟုန်ရိတို့ အမျိုးတွေနှင့် ကိုယ်ရံတော်တပ်ဖွဲ့ကို တွေ့လိုက်ရသည်။

တော်ဝင်တစ်မျိုးလုံးက အမဲလိုက်ပွဲအတွက် အရမ်းကို တက်ကြွနေကြတာပဲ...

"ကြင်ရာတော်...အဆင်သင့်ဖြစ်ပြီလား"

ရှောင်းကျန့်က ခပ်ချဉ်ချဉ်တွေးလိုက်ပေမယ့် အိမ်ရှေ့စံလေးကို ပွေ့ထားတဲ့ မင်းသမီးယွင်အာက ပြုံးကာ နှုတ်ဆက်လာတာကြောင့် ဟန်ဆောင်ပြုံးပြလိုက်ရသည်။ ဦးရီးတော်နှင့် မင်းသမီး၏ ကြင်ရာ အမတ်ငယ်လည်း ရှိနေသည်ဆိုတော့ သူဟန်ပျက်လို့မဖြစ်ဘူး မဟုတ်လား။

"အဲ့တာဆို သွားကြတာပေါ့"

မသွားခင် သူ ပိုင်လီဟုန်ရိ၏ မျက်နှာကို တစ်ချက်ကြည့်လိုက်၏။ တည်တင်းရုံမကတော့ပဲ ဆူပုတ်နေသည့် မျက်နှာက ကိုယ့်ကို တစ်ချက်လွှတ်အမိန့်တွေထုတ်ပြီး အမဲလိုက်ပွဲကို အတင်းအကြပ်လိုက်စေတာ သူမဟုတ်တဲ့အတိုင်း။ ကြိမ်လုံးနဲ့ ရိုက်ပစ်လိုက်ဖို့ပဲ ကောင်းတော့သည်။

ရှောင်းကျန့်မှာ ပိုင်လီဟုန်ရိကို ခံပြင်းစွာ၊ ကုဟိုင်နှင့်ဟွားကို အားနာစွာနှင့်ပင် မလာနိုင်ကြောင်း စာပို့ရလေသည်။ သူငယ်ချင်းတွေက သူ့ကို နားလည်ပေးမည်ဆိုတာ သူကျိန်းသေပေါက် သိပါသည်။
.
.
စိမ့်အေးရိပ်ကိုရောက်တော့ ရွက်ဖျင်တဲထဲတွင် မြေပုံကို ကြည့်ကာ သွားရမည့် အပိုင်းများကို သတ်မှတ်နေကြသည်။

ရှောင်းကျန့်ကတော့ ဓလေ့တွေကို မသိ၍ အဝေးကနေ ကြည့်နေရုံသာ။ ပိုင်လီဟုန်ရိရယ် ဦးရီတော်ရယ် အမတ်ငယ်ရယ်သာ မြေပုံကြည့်တာ ခေါင်းချင်းဆိုင်နေကြလေသည်။

​ပိုင်လီဟုန်ရိနှင့် ရှောင်းကျန့်က နှစ်ယောက်တွဲသွားရမည်။ မင်းသမီးယွင်အာနှင့် သူ့ကြင်ရာက တစ်တွဲ။ ထို့နောက် ဦးရီးတော်က တစ်ကိုယ်တည်း စသည်ဖြင့် အတွဲကိုယ်စီ အပိုင်းကိုယ်စီကို သွားကြရမည်။ သူတို့အနောက်တွင်တော့ လက်ရွေးစင် ကိုယ်ရံတော် နှစ်ဦးစီပါမည်။ ပိုင်လီဟုန်ရိတို့နှင့် အတူလိုက်ရတာက ယန်။

အချစ်ရယ်...မင်းပါပဲ [Completed]Where stories live. Discover now