-13.5-

3.8K 304 40
                                    

[Warning : The whole chapter has no plot. It is just NSFW. Read at your own risk]

"ရှောင်းကျန့်...ငါ မင်းကို ချစ်တယ်".
.
.
.
ပြောလိုက်သော စကားသည် အဘယ်စကားဖြစ်နေသည်ဆိုတာကို ရှောင်းကျန့်က သူ့ဘက်သို့ ဖြတ်ခနဲ လှည့်လာမှ သတိကပ်တော့၏။ သို့သော် ကျွံပြီးသော စကား.... တစ်ဖက်သား ကြားပြီးသော စကား ...ပြန်လည်နုတ်ယူရန် မဖြစ်တော့ပြီမို့​။ သူသည် အရှက်သည်းစွာ ထွက်ပြေးပါတော့သည်။

ဒါပေမဲ့ အချည်းနှီးသာ။ ပြောချင်ရာပြောပြီး ထွက်ပြေးရန် ပြင်နေသော ပိုင်လီဟုန်ရိ၏ ကိုယ်လေးကို ရှောင်းကျန့်သည် ခါးကနေ လက်တစ်ဖက်ဖြင့် ဆွဲယူပွေ့ဖက်လို့။ အဲ့ဒီနောက်တွင်တော့ ခေါင်းကိုငုံ့ကာ နှုတ်ခမ်းနှစ်ခုကို ထိကပ်ပစ်လိုက်လေတော့သည်။

ရှောင်ကျန့်သည် သူ့ကို အကြင်နာပေးနေသည်။ အထိအတွေ့ကြောင့် ဦးနှောက်တို့က မင်္ဂလာဦးညက မှတ်ဉာဏ်တို့ကို ပြန်လည်ခေါ်ဆောင်သော် ထိတ်လန့်သော စိတ်တို့ဖြင့် ရုန်းမိပြန်သည်။

ရှောင်းကျန့်သည် သူ့ကို တင်းကြပ်စွာ ဖက်တွယ်ထား၏။ ခါးကို လက်တစ်ဖက်ဖြင့် ဆွဲကပ်ယူရာမှ ထိုလက်တို့သည် ကျောပြင်တစ်လျှောက် သိုင်းဖက်လာပြီး ခန္ဓာကိုယ်နှစ်ခုကို နီးကပ်သည်ထက် နီးကပ်စေလိုက်လေသည်။

ပိုင်လီဟုန်ရိသည် တပ်အားသမျှနှင့် ရုန်းနေသော်လည်း ရှောင်းကျန့်၏ ကျွမ်းကျင်လှသော ယစ်မူးဖွယ် အနမ်းတို့ကြောင့် ပျော့ခွေချင်လာရသည်။

ရှောင်းကျန့်၏ အနမ်းတို့သည် မင်္ဂလာဦးညတုန်းကနှင့်မတူ။ ဦးတည်ရာကင်းမဲ့ကာ မြင်းရိုင်းတစ်ကောင်လို ရိုင်းစိုင်းနေသော အနမ်းကြမ်းများမဟုတ်။နွေးထွေးသော ချုပ်သော နှောင်သော ပျော့ပျောင်းစေသော အနမ်းချိုချိုတို့သာ ဖြစ်လေသည်။

ရုန်းရကန်ရမည့်အစား ပိုင်လီဟုန်ရိမှာ အားအင်တို့ ယုတ်လျော့စွာပင် ရှောင်းကျန့်၏ လည်တိုင်ထက်၌ လက်တို့ကို ချိတ်ဆွဲကာ ခိုမှီးလိုက်လေတော့သည်။

မီးရှူးမီးပန်းအောက်မှာ စတင်ခဲ့သည့် အနမ်းခရီးဟာ ကောင်းကင်တွင် မီးပန်းများငြိမ်၍ ပတ်ဝန်းကျင်တွင် အသံများတိတ်သွားတော့မှ ဆုံးခန်းတိုင်ခဲ့လေသည်။

အချစ်ရယ်...မင်းပါပဲ [Completed]Where stories live. Discover now