-5-

2.8K 354 58
                                    

ပိုင်လီဟုန်ရိသည် ဒီနေ့ညတွင် သူ့အမျိုးသားကြင်ယာတော် ရှောင်းကျန့်နှင့် အိပ်ဆောင်ဝင်ရမည်။ မင်္ဂလာဆောင်ပြီး တစ်ပတ်ကျော်မျှသော အချိန်ကို လွန်ပြီးမှ ပထမဆုံးအကြိမ်အဖြစ် အတူအိပ်ဆောင်ဝင်ရခြင်း ဖြစ်လေသည်။

ဘယ်လိုပင် ဆန္ဒရှိခဲ့သည်ဆိုဆို မင်္ဂလာဦးညကတောင် တစ်သီးတစ်ခြားဆီအိပ်ကြပြီးမှ ဒီနေ့မှ အတူအိပ်ရမည်ဖြစ်၍ ပိုင်လီက စိတ်လှုပ်ရှားလျက်။

​ဝေးဝေးမှာ နေရတာက အောင့်သက်နာကျင်ရပေမယ့် နေရမခက်၊ မျက်နှာမပူ။ အနီးတွင်နေရသည်က ထိုသို့မဟုတ်။ ပိုင်လီကို ရှက်ကိုးရှက်ကန်း ဖြစ်စေပြီး မိန်းမပျိုလေးတစ်ဦးလို ရင်ခုန်စေသည်။ မင်္ဂလာဦးညက သူ့ကို အတင်းဆွဲစုပ်နမ်းရှိုက်ခဲ့သည်များကို ပြန်မိယောင်မိတော့ ထိန်းရခက်သော သူ့ရင်ဘတ်က တဒုတ်ဒုတ်ခုန်ရပြန်ပါသည်။
.
.
.
အိပ်ဆောင်ထဲ မဝင်ရဲသေး၍ ပိုင်လီတစ်ယောက် ဥယျာဉ်ထဲရှိနေတာ အတော်ကြာပြီ။ သူ့နောက်လိုက်သည့် အပျိုတော်၊ အမှုထမ်းတို့မှာလည်း ဥယျာဉ်ထဲတွင် အတန်းလိုက်လေး။ ပိုင်လီကတော့ မြက်ခင်းပေါ် ဆောင့်ကြောင့်ထိုင်ရင်း အနီးတဝိုက်မှာ ရှိတဲ့ မြက်ခင်းပြင်တွင်ကို စိတ်ငြိမ်လို ငြိမ်ညား ဆွဲနှုတ်နေမိသည်။

"အရှင်...ထပ်မဖျားမှာ စိုးလို့ ဒီညရော အအေးခံနေသလား"

ထိုအချိန် သူ့အနောက်ပါးကနေ ကြားလိုက်ရတဲ့ ချိုသာပြီး ယောက်ျားပီသသော အသံတစ်ခု။ အပျိုတော်တွေကလည်း ထိုအသံလာရာဘက်ကို လှည့်ပြီး အရိုအသေပေးကြလေသည်။

ပိုင်လီလှည့်ကြည့်လိုက်တော့ ရှောင်းကျန့်က ညအိပ်ဝတ်လဲတော်ကို လဲထားပြီး ဥယျာဉ်မုခ်ဦးကို မှီလျက် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ညနက်နေပြီ အရှင်။ နားချိန်ရောက်ပြီ။ ကျွန်တော်မျိုးတို့လည်း နားသင့်ပြီ ထင်တယ်"

ရှောင်းကျန့်က သူ့ကို စကားပြောရာတွင် 'အရှင်' နှင့် 'ကျွန်တော်မျိုးချည်း' ထပ်နေနိုင်အောင်ပြောသည်။ ဒါ အပြင်လူတွေရှိ၍ဆိုတာလည်း သူနားလည်သည်။

"အင်း...လာမယ်။"

ပိုင်လီထပြီး လက်တွေကို ခါလိုက်သည်။ ထို့နောက် အိပ်ဆောင်ဆီသို့ ဦးတည်လိုက်လေသည်။ အပျိုတော်တွေ ပြုံးစိစိနှင့် အရိုအသေပေးရင်း ကျန်ခဲ့သည်။ ရှောင်းကျန့်ကတော့ ရှေ့က ထွက်သွားနှင့်လေပြီ။
.
.
.
"မသိပါဘူး...ငါက မင်းတစ်ညလုံး မြက်တွေနှုတ်နေတော့မှာလားလို့"

အချစ်ရယ်...မင်းပါပဲ [Completed]Where stories live. Discover now