-19-

3.3K 263 53
                                    

This chapter includes some adult scenes. So read at your own risk.
.
.
ဆောင်းဝင်စမို့ နှင်းတွေမကျသေးသော်လည်း မြောက်လေက တဖြူးဖြူး...။ အနည်းငယ်အေးစိမ့်လာသော ဒီလိုရာသီဥတုတွင် နန်းတော် ဥယျာဉ်ထဲ၌ ဘုရင်ငယ်ကလေးက သားမွေးဝတ်ရုံကို ခြုံလို့ သူ၏ ကြင်ရာတော်ကတော့ သူ့နံဘေးတွင်။ သစ်သားထွင်း စားပွဲပေါ်၌ အငွေ့တထောင်းထောင်းထနေသော စံပယ်ပန်းလက်ဖက်ရည်နှစ်ခွက်ကလည်း နေရာယူလျက်...။

ကြင်ရာတော်ရှောင်းကတော့ သူ့ဘုရင်ငယ်လေး စိတ်ရှင်းစေရန် တစ်စုံတစ်ရာကို စိုးရိမ်ကြီးစွာ ရှင်းပြလို့နေသည်။

"ကိုကို လျိုမျိုးနွယ်တွေကို ဦးရီးတော်နဲ့ တိုင်ပင်ပြီး အဲ့လိုပဲ စီရင်လိုက်မိတယ်။

မင်းကို မပြောပဲ ကိုယ့်သဘောနဲ့ကိုယ်လုပ်လိုက်တာမဟုတ်ဘူးနော်။

ကိုကိုကလေ မင်းလေးကို အဲ့အကြောင်းတွေ ပြန်မတွေးစေချင်ဘူး...မင်း သတိပြန်ရလာတာနဲ့ အားလုံး ဖြေရှင်းပြီးသား ဖြစ်နေစေချင်လို့ပါ။

မင်းကို ကျော်ပြီး မလေးမစားလုပ်လိုက်တယ်လို့ မထင်စေချင်ဘူး အားလန်..."

​ရှောင်းကျန့်က သူတစ်စိုးတစ်စဉ်းမျှ မတိုင်ပင်ပဲ လုပ်လိုက်မိသည့် လုပ်ရပ်အပေါ် သူ့အချစ်ကလေးများ သူ့ကို စိတ်များကွက်သွားမလားလို့ တွေးပူနေခဲ့လေသည်။ သို့သော် သူ တွေးထားသည်နှင့် ကွာခြားစွာ။ သူ့အချစ်ကလေးမှာ သူရှင်းပြသမျှကို ကြားပုံပင်မရပဲ သူ့လက်တွေကို ဆုပ်ကိုင်လို့ ဝမ်းပန်းတနည်း ပြောလာသည်က

"ကိုကို့လက်တွေ သွေးစွန်းခဲ့ရမှာပဲနော်"တဲ့။

"ကျွန်တော့်အတွက်ကြောင့်နဲ့ ကိုကို့ရဲ့ ဗျပ်စောင်းတီးတဲ့ လက်တွေက၊ စုတ်တံကိုင်တဲ့ လက်တွေက ဓားကိုင်ခဲ့ရတာ ကျွန်တော် စိတ်မကောင်းဘူး"တဲ့လေ။

တကယ်ကို မျက်ရည်စတွေ ဝေ့သီတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို ခပ်မော့မော့လေးကြည့်ပြီး ပြောလာချိန်တွင်တော့ ရှောင်းကျန့် မနေနိုင်စွာပင် သူ့ဘေးက အလုံးထုတ်ကလေးကို နီးသထက်နီးအောင် ဆွဲယူလို့ ဖက်ထားမိလိုက်ပါသည်။

အချစ်ရယ်...မင်းပါပဲ [Completed]Where stories live. Discover now