-8-

2.6K 298 29
                                    

"အားလန်...ရှောင်းသခင်ကြီးရဲ့ စကားကို နားထောင်ရမယ်နော်"

မင်းကြီးအပြောကို အိမ်ရှေ့စံလေးပိုင်လီက နှာမှုတ်လို့ 'ဟွန့်'ခနဲ တုံ့ပြန်သည်။ အရှေ့က ရှောင်းသခင်ကြီးကတော့ စူပုပ်နေတဲ့ ပိုင်လီလေးကို ကြည့်ရင်း တပြုံးပြုံးနဲ့။

မင်းကြီးက သူ့၏သားဖြစ်သူ အိမ်ရှေ့စံလေးကို ယဉ်ကျေးမှုအနုပညာဘာသာရပ်သင်ကြားရန် သူငယ်ချင်းဖြစ်သူ ရှောင်းသခင်ကြီးထံ အပ်နှံနေခြင်းဖြစ်လေသည်။ အိမ်ရှေ့စံငယ်လေးကတော့ ကလေးပီပီဆော့ကစားချင်စိတ်သာရှိပုံရ၏။

"အားလန်...ခမည်းတော် ပြောနေတယ်လေ"

"စာမသင်ချင်ဘူး...သားကငယ်သေးတယ်။ စာဖတ်ရမှာပျင်းတယ်"

စိတ်တိုသလိုလေး လက်ပိုက်ကာဖြင့် အထာကြီးနဲ့ ပြန်ပြောလာတဲ့ ကလေးငယ်က ချစ်စရာအတိ။ ရှောင်းသခင်ကြီးတောင် အူတယားယားနဲ့ တဟားဟားအော်ရယ်မိတဲ့ အထိပါပဲ။

"အရှင်မင်းကြီးက အိမ်ရှေ့စံလေးကို အင်မတန်ချစ်ဖို့ကောင်းအောင် မွေးထားတာပဲ။ ကလေးက သင်ချင်မှ လာခဲ့ပါလေ။ ဒီအရွယ်လေးဆိုတော့ စာကြီးပေကြီးတွေ ဘယ်ကိုင်ချင်ပါ့မလဲ"

"ကိုယ်တော်ကပဲ လောနေမိတာလား မသိဘူး။ အိမ်ရှေ့စံလေးကို ငယ်ကတည်းက မင်းသားတို့တတ်အပ်တဲ့ ပညာတွေ တတ်ထားစေချင်တယ်။ တိုင်းပြည်အခြေအနေက ဘယ်နေ့ဘာဖြစ်မလဲ ကြိုပြောနိုင်တာမဟုတ်ဘူး..."

အရှင်မင်းကြီး၏ စိုးရိမ်စိတ်ကို ရှောင်းသခင်ကြီး နားလည်သည်။ အခုတလော ပုန်ကန်သည့် အုပ်စုတွေက များပြားလာပြီး ကြိုးကိုင်သူကလည်း ရှာရခက်နေသည့် အနေအထား။ အကယ်၍ တစ်စုံတစ်ရာ အန္တရာယ်ဖြစ်လာနိုင်သည်ရှိသော် မင်းကြီးအစိုးရိမ်ဆုံးမှာ အိမ်ရှေ့စံလေးသာ ဖြစ်လေသည်။

အခန်းလေထုမှာ ရုတ်တရက်လေးလံသွားပြီး လူကြီးများ၏ သက်ပြင်းချသံများဖြင့် ပြည့်နက်သွား၏။ အပူအပင်ကင်းသည့် ပိုင်လီလေးကတော့ စားပွဲပေါ်ရှိ အရောင်စုံဆန်မုန့်လုံးတွေကိုသာ တစ်ခုပြီးတစ်ခု နှိုက်စားနေတော့သည်။

ထိုစဉ်...

"ခဏ...ဒါက ဗျပ်စောင်းသံလား"

အရှင်မင်းကြီးသည် အပြင်ဘက်မှလာသော သာယာသည့် တေးသွားကို သတိပြုမိသွား၏။ ပိုင်လီလေးသည်လည်း ကြားသွားဟန်တူသည်။ လက်ထဲက မုန့်ကို ချလို့ အပြင်ဘက်ကို နားစွင့်လေသည်။

အချစ်ရယ်...မင်းပါပဲ [Completed]Where stories live. Discover now