-14-

3.6K 294 43
                                    

အသိစိတ်မှာ နိုးနေပေမဲ့ မျက်လုံးတွေက ဖွင့်ရခက်နေသည်။ ညက အများကြီး ငိုထားရတာကြောင့် ဖြစ်မည်။ ထို့ကြောင့် မျက်လုံးတွေကို လက်ခုံနဲ့ အသာပွတ်ပြီး အားယူကာ ဖွင့်လိုက်၏။

"ပိုင်လီဟုန်ရိ နိုးပြီလား...အာ...အရမ်းမပွတ်နဲ့လေ။ မျက်လုံးတွေ နာကုန်တော့မှာပဲ"

ထိုစဉ် ရင်းနှီးနေသော ခြေသံတစ်ခုသည် သူ့ဆီအလျင်အမြန်ပြေးလာသည်ကို ကြားလိုက်ရပြီးနောက် အိခနဲ ဖြစ်သွားသည့် ကုတင်ဘေးဘက်ခြမ်းနှင့် သူ့လက်တွေပေါ် အုပ်ကိုင်လာသည့် ခပ်နွေးနွေး အထိအတွေ့တွေ။ ရှောင်းကျန့်၏ ဆံနွယ်တွေဆီမှ ရနေကြဖြစ်သော အနံ့သင်းသင်းကလည်း သူ့အနားရစ်ဝဲလာလေသည်။

ပိုင်လီ မျက်လုံးတွေကို ဖြေးညှင်းစွာ ဖွင့်လိုက်တော့ ပထမဆုံး မြင်လိုက်ရသည်က သူ့ကို စိုးရိမ်စွာ၊ နွေးထွေးစွာ ငုံ့မိုးလို့ ကြည့်နေတဲ့ ရှောင်းကျန့်ကို တွေ့လိုက်ရလေသည်။

ရှောင်းကျန့်သည် သူ့ကို ပြုံးလျက်ကြည့်နေသည်။

"အဆင်ပြေရဲ့လားဟင်။"

ပြောရင်းနှင့်ပင် သူ၏ ကျောပြင်ကို အသာထိန်းကိုင်လို့ ထူပေးပြန်သည်။

"ခါးတွေ နာနေသေးလား"

ရှောင်းကျန့် မေးလိုက်မှပဲ ပိုင်လီဟုန်ရိ၏ ဦးနှောက်ထဲတွင် မနေ့ညက အဖြစ်အပျက်များသည် ရှင်းလင်းစွာ ပေါ်လာလေတော့သည်။

ရောင်စုံမီးပန်းတွေ အောက်မှာ ဝန်ခံခဲ့တာတွေ...
မွတ်သိပ်နေတဲ့အနမ်းတွေ.....
ပြီးတော့ ကုတင်ပေါ်က အမှတ်တရတွေ...

ပိုင်လီ မျက်နှာလေး ရဲခနဲဖြစ်သွားပြီး ရှောင်းကျန့်ကို မကြည့်ရဲစွာ ခေါင်းငုံ့မိလိုက်သည်။ ညက သွေးပူနေတာမို့ မသိသာပေမယ့် အခုများတော့ဖြင့် ရှက်စိတ်ကြောင့် တစ်ကိုယ်လုံးရှိန်းတိန်းတိန်း..။

မနေတတ်စွာဖြင့် စောင်ပေါ်တင်ထားသည့် လက်တွေကိုသာ အချင်းချင်းပွတ်သပ်နေမိလေသည်။

ရှောင်းကျန့်က အတင်းပွတ်ချေနေမိသည့် သူ့လက်တွေကို အုပ်မိုးကိုင်လိုက်သည်။ ပြီးတော့ ပြုံးပြန်သည်။

အချစ်ရယ်...မင်းပါပဲ [Completed]Where stories live. Discover now