-2-

3.3K 360 35
                                    

"အားလန်"

"အားလန်...တအားမပြေးနဲ့လေ...ကိုကို မောတယ်"

မြို့တော်အတွင်းရှိ စည်ကားလှသော ဈေးထဲတွင် ၆နှစ်အရွယ်ကလေးတစ်ယောက်က ပြေးလွှားလျက်။ သကြားထုတ်ထိုးချိုချဉ်လေးကိုလည်း လက်တွင် ကိုင်ထားသေးသည်။ သူ့အနောက်တွင်တော့ ၁၆နှစ်အရွယ် လူပျိုလေးတစ်ယောက်က ပြေးလိုက်လို့နေသည်။ နှစ်ယောက်လုံး၏ မျက်နှာသည် ပျော်ရွှင်မှုဖြင့် ပြုံးရယ်နေကြသည်။

"ကိုကိုက အားလန်ထက် အသက်ကြီးပြီး ဒါလေးတောင် မပြေးနိုင်ဘူးလား"

"အသက်ကြီးတော့ ပိုမောတာပေါ့ အားလန်ရယ်"

အကြီးကောင်လေးရဲ့ စကားကိုကြားတော့ အားလန်က 'ဟွန့်'ခနဲ နှာခေါင်းရှုံ့သည်။ သို့သော် ဆက်မပြေးတော့ပဲ အကြီးကောင်လေးကို စောင့်ပေးရှာသည်။

အကြီးကောင်လေးသည် ရပ်နေသော အားလန်ဆီပြေးသွားလိုက်ပြီး အသည်းယားစွာပင် ကောက်ပွေ့လိုက်မိသည်။

ကလေးလေးက မပြေးနိုင်တော့ဘူးပြောလည်း ယုံတာပဲလားကွယ်...

"ကိုကို အားလန်ကို ပွေ့ထားမယ်။ အဲ့တာဆို ဈေးထဲမှာ လမ်းပျောက်တော့ဘူး"

"အွန်း"

အားလန်က ပါးဖောင်းဖောင်းလေးတွေ အိခနဲ တုံသွားသည်အထိ ခေါင်းကို ညိတ်သည်။ ထို့နောက် လမ်းတစ်လျှောက်လုံး လက်တစ်ဖက်က အကြီးကောင်လေးရဲ့ လည်ပင်းကို သိုင်းဖက်ကာ ကျန်လက်တစ်ဖက်က လက်ညိုးတိုတိုကလေးဖြင့် အကြီးကောင်လေး၏ နှုတ်ခမ်းအောက်က မှဲ့နက်ကလေးကို တို့ထိတို့ထိနဲ့ဆော့ရင်းပါလာတော့သည်။
.
.
.
"ကိုကို....အားလန် အိမ်မပြန်ချင်သေးဘူး"

"ဟေ"

တစ်နေ့လုံး ဈေးထဲ ဗြောင်းသောက်နေအောင် ပတ်ပြီးဆော့ထားသော်လည်း အားလန်က အိမ်မပြန်ချင်သေးဘူးဟု ဆိုသည်။

"အားလန်က ဘာလုပ်ချင်သေးတာလဲ"

"ကိုကို ဗျပ်စောင်းတီးတာ ကြည့်ချင်တယ်"

"ကိုကိုတီးတာ မကောင်းပါဘူး။ ကိုကိုက အခုမှသင်တုန်းရှိသေးတယ်။ နောက် ကိုကိုတတ်သွားမှ တီးပြမယ်လေ"

အချစ်ရယ်...မင်းပါပဲ [Completed]Where stories live. Discover now