-6-

2.6K 329 35
                                    

သီချင်းတညည်းညည်းဖြင့် လျှောက်လာသော ခြေလှမ်းတွေက ဈေးလမ်းကြားတစ်နေရာ အရောက်မှာ ကလေးငိုသံလိုလို အသံတစ်ခုကို ကြား၍ ရပ်တန့်သွားရသည်။

ရှောင်းကျန့် စူးစမ်းစိတ်ဖြင့် သွားကြည့်လိုက်တော့ ကလေးငယ်တစ်ဦးသည် မြေကြီးပေါ်တွင် ထိုင်လို့ မျက်နှာကို လက်ဖြင့်အုပ်ပြီး ငိုနေ၏။ ဝတ်ထားသော အင်္ကျီတို့မှာ ပေတူးနေပေမယ့် တန်ဖိုးကြီးအထည်ဖြစ်နေသောကြောင့် ဒီကလေးက သခင်လေးတစ်ဦးဖြစ်မည်ဟု ရှောင်းကျန့် ထင်လိုက်သည်။

ရှောင်းကျန့် ချက်ချင်းပင် ငိုနေသည့် ကလေးနား ပြေးသွားလိုက်သည်။

"ကလေး...အဆင်ပြေရဲ့လား"

မုဆိုးဒူးထောက်ထိုင်ပြီး ပုခုံးလေးကို အသာလှုပ်ခေါ်ကြည့်တော့ သူ့ကို မော့ကြည့်လာသည့် မျက်နှာလေးက မျက်ရည်တွေ နှပ်တွေဖြင့် ရှုပ်ပွလို့။ ကလေးလေးက သူ့ကို မြင်မြင်ချင်း တောက်ပသော မျက်လုံးများဖြင့် ကြည့်လာပြီး သူ့လည်ပင်းကို မမှီမကမ်း လှမ်းဖက်ကာ ပြဲလန်နေအောင် အော်ငိုတော့သည်။ ပါးစပ်ကလည်း ဗလုံးဗထွေးနဲ့ သူ့ကို ခေါ်တာ "ကိုကို"တဲ့။
ရှောင်းကျန့်မှာ ကလေးအား အငိုတိတ်သည်အထိ ကျောပြင်ကို ခပ်ဖွဖွပွတ်လို့ ချော့မြူရလေသည်။

သူ့လည်ပင်းကို သိုင်းဖက်ထားသည့် လက်တွေကနေ အနွေးဓာတ် ငွေ့ငွေ့ကို ရသည်။

စတွေ့ကတည်းကပင် အော်ငိုနေသည့် ပေတလူးလုံးလုံးလေးကို ရှောင်းကျန့်က ကရုဏာပိုရပါသည်။

------------------

"ပိုင်လီဟုန်ရိ"

​မြေကြီးပေါ် ထိုင်နေသော ပိုင်လီဟုန်ရိထံ ပြေးသွားပြီး ခြေတစ်ဖက်ကို ဆွဲယူကြည့်တော့ သွေးများရွှဲနစ်နေသည်မှာ မြင်မကောင်း။

"ဘယ်လိုဖြစ်တာလဲ။ မင်း လူကြီးဖြစ်ပြီး ဒါလေးတောင် ဂရုမစိုက်နိုင်ဘူးလား"

"မဟုတ်ဘူး ကိုကိုရှောင်းကျန့်။ ကိုကိုဟုန်အာက သားတို့ကို လိုက်ဖမ်းနေတာမို့ အောက်ကို မမြင်ပဲ တက်နင်းမိတာပါ"

ရှောင်းကျန့် ပူထူပြီး ပိုင်လီဟုန်ရိကို အော်မိလိုက်သည်ကို ချင်းချင်းက ဝင်ဖြေလေသည်။ ဒဏ်ရာရနေသည့် တစ်ယောက်သောသူကတော့ ရှုံ့မဲ့နေသည့် မျက်နှာလေးကို တစ်ဖက်ကိုလွှဲထားပြီး ဘာမှပြန်မပြော။

အချစ်ရယ်...မင်းပါပဲ [Completed]Where stories live. Discover now